တာချီလိတ်ရှိ ကျားဖြန့် လုပ်ငန်းအချို့ကို အဖမ်းပြနေ၍ တရုတ်နိုင်ငံသားအချို့ ထိုင်းနိုင်ငံဘက် ထွက်ပြေးနေ

ပုံအညွှန်း - ဖေဖော်ဝါရီလ၏ ပထမပတ်အတွင်း တာချီလိတ်ဘက်ကနေ ထွက်ပြေးလာသည့် တရုတ်နိုင်ငံသားများကို ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်တွင် ဖမ်းမိစဉ်

ဖေဖော်ဝါရီ 10, 2024 | ရှမ်းရှေ့

 မြန်မာ - ထိုင်းနယ်စပ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်တွင် ကျားဖြန့်လုပ်ငန်းများကို ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ ပထမပတ်အတွင်း အဖမ်းပြလာရာ  ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မြဝတီမြို့တို့ရှိ ကျားဖြန့်လုပ်ငန်းများမှ ပြောင်းရွှေ့လာသည့် တရုတ်နိုင်ငံသားအချို့မှာ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်သို့ ထွက်ပြေးနေကြကြောင်း သိရသည်။

ပုံအညွှန်း - ဖေဖော်ဝါရီလ၏ ပထမပတ်အတွင်း တာချီလိတ်ဘက်ကနေ ထွက်ပြေးလာသည့် တရုတ်နိုင်ငံသားများကို ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်တွင် ဖမ်းမိစဉ်

"ထွက်ပြေးလာတဲ့ တရုတ်တွေရဲ့ ထွက်ဆိုချက်အရ သူတို့က တာချီလိတ်မြို့ထဲက စစ်တပ်မဝင်ရဲတဲ့ နေရာတွေမှာ လုပ်နေရတာဖြစ်တယ်လို့ ပြောတယ်။ အစောင့်တွေက  ထွက်ပြေးတဲ့သူတွေကို ပြန်ဖမ်းမိရင် သေလုမျောပါ ရိုက်နှက်တယ်တဲ့။ အခုလည်း သူတို့က အလစ်အငိုက်ချောင်းပြီး ထွက်ပြေးလာကြတာလို့ ပြောတယ်။ အဲဒီလုပ်ငန်းတွေကို အကာအကွယ်ပေးနေတာတွေက စစ်တပ်က အကြီးပိုင်းတွေနဲ့ ပွဲစားအဆင့် စစ်တပ်ထွက်တွေလို့ သိရတယ်"ဟု ထိုင်းမြောက်ပိုင်းအခြေစိုက် ထိုင်းသတင်းထောက်တစ်ဦးက Tachileik News Agency သို့ ဖေဖော်ဝါရီလ(၁၀)ရက်နေ့တွင်  ပြောပြသည်။

ပုံအညွှန်း - ဖေဖော်ဝါရီလ၏ ပထမပတ်အတွင်း တာချီလိတ်ဘက်ကနေ ထွက်ပြေးလာသည့် တရုတ်နိုင်ငံသားများကို ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်တွင် ဖမ်းမိစဉ်

တာချီလိတ်ဘက်မှ မယ်ဆိုင်ချောင်းဖြတ်ကူး၍ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်သို့ ခိုးဝင်များအား ဖမ်းမိရာတွင် ဖေဖေါ်ဝါရီလ ပထမပတ်မှစ၍ ကျားဖြန့်လုပ်ငန်းများမှ ထွက်ပြေးလာသည့် တရုတ်နိုင်ငံသားများကို ခပ်စိပ်စိပ်တွေ့လာရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတို့အထဲတွင်  တာချီလိတ်၌ အလုပ်အကိုင်အခွင့်အလမ်းကောင်းရမည်ဟု လိမ်လည်ခေါ်ဆောင်ခံရကာ ကျားဖြန့်အလုပ်တွင် အတင်းအဓမ္မ စေခိုင်းခံရသူများလည်း ပါဝင်သည်ဟု ဖမ်းဆီးခံရသည့် တရုတ်နိုင်ငံသားအချို့က ထွက်ဆိုကြောင်း ထိုင်းမီဒီယာများတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

အလားတူ တာချီလိတ်ဘက်တွင်လည်း  ကျားဖြန့်လုပ်ငန်းနေရာများရှိရာနေရာမှ ထွက်ပြေးသည့် တရုတ်နိုင်ငံသားများအား  လူအုပ်စုဖြင့် လိုက်လံရိုက်နှက်ဖမ်းဆီးမှုများလည်းရှိသည့်အပြင် ဖမ်းဆီးခံရသည့် တရုတ်နိုင်ငံသားများကို ကျားဖြန့်လုပ်ငန်းတွင် အရေးပါမှုအပေါ်မူတည်၍ ငွေကြေးရယူကာ လူစားလဲပေးနေသည့် စစ်ကောင်စီတပ်နှင့် ပတ်သက်သည့် ပွဲစားများလည်းရှိနေသည်ဟု ဆိုကြသည်။

ပုံအညွှန်း - ဖေဖော်ဝါရီလ၏ ပထမပတ်အတွင်း တာချီလိတ်ဘက်ကနေ ထွက်ပြေးလာသည့် တရုတ်နိုင်ငံသားများကို ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်တွင် ဖမ်းမိစဉ်

"ဖေဖော်ဝါရီလ (၄)ရက်နေ့ ည(၇)နာရီ ခွဲလောက်က တာချီလိတ် စရဖစခန်းနဲ့ စစ်ဗျူဟာတပ်နားက  မြို့ဝင်ဆိုင်းဘုတ်နားမှာရှိတဲ့ ကျားဖြန့်ကနေ တရုတ်တွေ ထွက်လာကြပြီး အနီးအနားက အဆောက်အဦးတွေထဲ ဝင်ပြေးကြတယ်လို့ကြားတယ်။ အဲဒါကို ကျားဖြန့်က လုံခြုံရေးတွေက လိုက်ဖမ်းပြီး ရိုက်နှက်တာ အတော်ရက်ရက်စက်စက်ပဲတဲ့။ တချို့လည်း လွတ်သွားသလို တော်တော်များများလည်း ပြန်ဖမ်းခံရမယ်ထင်တယ်လို့ ပြောတယ်။ အဲဒီလိုဖြစ်တာမြင်ရင် ဒေသခံတွေလည်း ကြည့်တောင် မကြည့်ရဲဘူးတဲ့။ သူတို့ကို ပတ်သက်လာမှာ ကြောက်ကြလို့ မှတ်တမ်းတောင် မယူရဲကြဘူး။ ကျားဖြန့်က အဲလို ထွက်ပြေးလာတာတွေ မြို့ထဲ ယောင်လည်လည်ဖြစ်နေချိန် စစ်တပ်နဲ့ရဲ လှည့်ကင်းနဲ့တွေ့တဲ့အခါ ဖမ်းပြီးတော့ သက်ဆိုင်ရာ ကျားဖြန့်တာဝန်ခံတွေဆီ ပြန်ပို့ပေးတာတွေလည်း ရှိတယ်ကြားတယ်။"ဟု တာချီလိတ်ဘက်မှ သတင်းရင်းမြစ်ကို ကိုးကား၍ ထိုင်းသတင်းသမားက ဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၏ Operation 1027 ဖြင့်  ကျားဖြန့်ဂိုဏ်းများ နှိမ်နှင်းခံရသည့် ရှမ်းပြည်နယ်မြောက်ပိုင်းအပြင် အဖမ်းအဆီးရှိနေသည့် မြဝတီဘက်တို့ရှိ ကျားဖြန့်လုပ်ကိုင်သူများမှာ နယ်စပ်မြို့ တာချီလိတ်သို့ အလုံးအရင်းဖြင့် ရောက်ရှိလာခဲ့ကြခြင်းဖြစ်သည့်အပြင် လာအိုနိုင်ငံ ရွှေတြိဂံအထူးဇုန်ဘက်မှ တရုတ်နိုင်ငံသားများလည်း တရားမဝင် ဝင်ရောက်မှုများ ရှိနေကြခြင်းဖြစ်သည်။

စစ်တပ်အာဏာသိမ်းချိန်ကတည်းက  နယ်စပ်မြို့ တာချီလိတ်တွင် တရားမဝင် လောင်းကစားလုပ်ငန်းများ များပြားလာကြသည့်အပြင် ကျားဖြန့်လုပ်ငန်းများလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်လာကြခြင်းဖြစ်သည်။

Photo: MaesaiPress