ရေစကြိုမြို့နယ်တွင် စစ်ကောင်စီနှင့် ပျူစောထီးများ ပစ်ခတ်ခံရကာ နှစ်ဦးသေ

ရေစကြိုမြို့နယ်တွင် စစ်ကောင်စီနှင့် ပျူစောထီးများ ပစ်ခတ်ခံရကာ နှစ်ဦးသေ
ဖေဖော်ဝါရီ 9, 2024 | 2021 Military Coup| အခြားဒေသများ

မကွေးတိုင်း ရေစကြိုမြို့နယ် ဆပ်ချောင်းရွာ ပျူစောထီးစခန်းမှ ထွက်လာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို ယနေ့ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၉)ရက်နေ့ နံနက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်များက ပစ်ခတ်ရာ စစ်ကောင်စီတပ်သားနှစ်ဦးသေပြီး သေနတ်(၂)လက် သိမ်းဆည်းရရှိခဲ့ကြောင်း ရေစကြိုမြို့နယ် PDFထံမှ သိရသည်။

ဆပ်ချောင်းရွာ ပျူစောထီးစခန်းမှ အိမ်စီးကား၊ ရှေ့ပြေးဆိုင်ကယ်များနှင့် ထွက်လာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို ပခုက္ကူ-ရေစကြို ကားလမ်းတစ်နေရာတွင် အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် ပျူစောထီးတစ်ဦးနှင့် စစ်ကောင်စီတပ်သားတစ်ဦးတို့ သေဆုံးပြီး ကျန်ရှိစစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများမှာ ကားပေါ်မှဆင်းပြေးသဖြင့် လွတ်မြောက်သွားကာ G3တစ်လက်နှင့် ကာဘိုင်တစ်လက်တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ်၊  ပခုက္ကူ ပကဖ တပ်ခွဲ ၂၊ Southern Yesagyo PDFတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency