လောင်းရှည်နယ်မြေရဲစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်အပြည့်အစုံ ဖြင့် CDF-KKG ထံ အလင်းဝင်

လောင်းရှည်နယ်မြေရဲစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်အပြည့်အစုံ ဖြင့် CDF-KKG ထံ အလင်းဝင်

မကွေးတိုင်း၊ လောင်းရှည်နယ်မြေရဲစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်အပြည့်အစုံနှင့် အလင်းဝင်လာကြောင်း Chinland Defense Force, Kalay-Kabaw-Gangaw ( CDF-KKG  )က ယနေ့မေလ(၈)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

ပြည်သူနှင့်ပူးပေါင်းလာသူမှာ တပ်သားဖြစ်သူ အောင်ကျော်လင်း (ကိုယ်ပိုင်အမှတ်- လ/ ၂၇၇၄၀၄)ဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီ၏ မတရားမှုများကိုဆန့်ကျင်၍ လက်နက်အပြည့်အစုံနှင့်  အလင်းဝင် ရောက်ခဲ့ခြင်းဖြစ်သည်။

ရဲတပ်သား အောင်ကျော်လင်းသည် M22 မောင်းပြန် သေနတ်တစ်လက်၊ ကျည်အိမ်အပိုတစ်ခုနှင့် ကျည် (၉၁) ထောင့်တို့ကို တပါတည်း ယူဆောင်လာသဖြင့် ထိုက်သင့်သည့် ဆုကြေးငွေများချီးမြှင့်ပြီး လွတ်မြောက်နယ်မြေသို့ ပိုပေးခဲ့ကြောင်း သိရသည်။

CDF-KKG မှတဆင့် CDM ပြုလုပ်ပြီး အလင်းဝင်ရောက်လာသည့် စစ်သားနှင့် ရဲအရေအတွက် စုစုပေါင်း (၈) ဦးအထိ ရှိပြီး လက်နက်၊ ကျည်အပြည့်အစုံဖြင့် အလင်းဝင်ရောက်လာသူများကိုသာ လုံခြုံစိတ်ချရသောနယ်မြေသို့ ပို့ဆောင်ပေးသွားမည်ဖြစ်ကာ ထိုက်သင့်သော ဆုကြေးကိုလည်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားအသိပေးထားသည်။