စစ်ကောင်စီ၏ မိုင်းလွန်ပင်မစခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက် 

စစ်ကောင်စီ၏ မိုင်းလွန်ပင်မစခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက် 
ဖေဖော်ဝါရီ 5, 2024 | 2021 Military Coup| အခြားဒေသများ

 ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်အတွင်းရှိ လိပ်သိုဗျုဟာလက်အောက်ခံ မိုင်းလွန်ပင်မစခန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်း ပိုက်လိုက်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၄)ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

အဆိုပါစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာနတို့ ပူးပေါင်းကာ (၃) ရက်ကြာ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

စခန်းအတွင်းမှ မီးရှို့ဖျက်ဆီးထားသော စစ်ကောင်စီတပ်သားအလောင်း (၇)လောင်းတွေ့ရှိခဲ့ပြီး လက်နက်ကြီးကျည်၊ ရိက္ခာများနှင့် ခဲယမ်းမီးကျောက်များ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

 

Photo: NUG