ကျိုးကျနေသည့် သိန္နီတံတားအား ယာယီတံတားထိုးပြီးသဖြင့် ယာဉ်ငယ်များဖြတ်သန်းနိုင်ပြီ

ကျိုးကျနေသည့် သိန္နီတံတားအား ယာယီတံတားထိုးပြီးသဖြင့် ယာဉ်ငယ်များဖြတ်သန်းနိုင်ပြီ
ဖေဖော်ဝါရီ 6, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ်ရှိ ကျိုးကျထားသည့် သိန္နီတံတားကို ယာယီတံတားဆောက်လုပ်ပြီး ယာဉ်ငယ်များ ဖြတ်သန်းနိုင်ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါတံတားသည် ပြီးခဲ့သည့် ၂၀၂၃ခုနှစ် အောက်တိုဘာလ (၃၀)ရက်နေ့က ရှမ်းမြောက်၌ တိုက်ပွဲပြင်းထန်နေစဉ် ကျိုးကျပျက်စီးသွားသည့် တံတားဖြစ်သည်။

သိန္နီယာယီတံတားအား ဆောက်လုပ်ပြီးသွားသဖြင့် ယာဉ်များသာ ဖြတ်သန်းနိုင်သော်လည်း လားရှိုး-သိန္နီ နယ်စပ်တံတားမှာ ဖြတ်သန်းခွင့်မပြုသေးဟု သိရသည်။

အဆိုပါတံတားသည် လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမပေါ် သိန္နီမြို့အဝင်တံတားဖြစ်ပြီး ချင်းရွှေဟော်၊ လောက်ကိုင်သို့သွားရာတွင်လည်း အရေးပါသည့် တံတားဖြစ်သည်။

#TachileikNewsAgency

Photo: CJ