ယင်းမာပင်မြို့နယ် မြို့ကြီးကျေးရွာကို စစ်ကောင်စီကမီးရှို့ပြီး  အဖွားအိုတစ်ဦးကို မီးရှို့သတ်ဖြတ်

ယင်းမာပင်မြို့နယ် မြို့ကြီးကျေးရွာကို စစ်ကောင်စီကမီးရှို့ပြီး  အဖွားအိုတစ်ဦးကို မီးရှို့သတ်ဖြတ်

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်  မြို့ကြီးကျေးရွာကို စစ်ကောင်စီတပ်က ၂၀၂၃ခုနှစ် ဇူလှိုင် (၁၂)ရက်နေ့တွင် စစ်ကြောင်းထိုးကာ နေအိမ် (၅၀)ကျော်ကို မီးရှို့ဖျက်ဆီးပြီး အသက်(၉၈)နှစ်အရွယ် ဒေါ်တင်ဥကို မီးရှို့သတ်ဖြတ်သွားကြောင်း ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေးထံမှ သိရသည်။

မီးရှို့ဖျက်ဆီးမှုတွင် စစ်ကောင်စီတပ်တွင် တာဝန်ထမ်းဆောင်နေသည့် တပ်ကြပ်တစ်ဦး၏ နေ့အိမ်လည်း ပါဝင်သွားကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်က Mi35ရဟတ်ယာဥ်ဖြင့် ထပ်မံပစ်ခတ်ခဲ့သဖြင့် မြို့ကြီးကျေးရွာရှိ သမိုင်းဝင်ဘုရားစေတီများပါ ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မီးရှို့ဖျက်ဆီးမှုကို စစ်ကောင်စီတပ် ခမရ(၇၀၄)နှင့် ခမရ(၁၆)မှ စစ်ကောင်စီတပ်သားများက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အင်ကြင်းတောင်အနီးတွင် တပ်စွဲထားကြောင်း သိရသည်။

#TachileikNewsAgency

Photo : ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေး