၁၀၂၇ စစ်ရေးဖိအားကြောင့်  စစ်ကောင်စီသည် ကျားဖျင့်လုပ်ငန်းရှင်များကို ဖမ်းဆီးနေရခြင်းဖြစ်ပြီး တရုတ်ကအလိုရှိနေသည့် ‌ကျားဖျင့်ခေါင်းဆောင်ကြီးများကိုမူ ကာကွယ်ပေးထားဆဲ

၁၀၂၇ စစ်ရေးဖိအားကြောင့်  စစ်ကောင်စီသည် ကျားဖျင့်လုပ်ငန်းရှင်များကို ဖမ်းဆီးနေရခြင်းဖြစ်ပြီး တရုတ်ကအလိုရှိနေသည့် ‌ကျားဖျင့်ခေါင်းဆောင်ကြီးများကိုမူ ကာကွယ်ပေးထားဆဲ
ဇန်နဝါရီ 29, 2024 | 2021 Military Coup| ရှမ်းမြောက်

စစ်ကောင်စီသည် တရုတ်နိုင်ငံမှ ဖမ်းဝရမ်းထုတ်ထားသော ကျားဖျင့်ခေါင်းဆောင်ကြီးများကို အပ်နှံခြင်းမရှိသေးဘဲ ကာကွယ်ပေးထားဆဲဖြစ်ကြောင်း ညီနောင်မဟာမိတ် (၃)ဖွဲ့က ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၂၈)ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီသည် ၁၀၂၇ စစ်ဆင်ရေး၏ ရိုက်ခတ်မှုကြောင့် လောက်ကိုင်မြို့တွင်း၌ စစ်ကောင်စီနှင့် စစ်ကောင်စီလက်ဝယ်ခံများ ထိန်းချုပ်ထားသော နေရာများမှ အွန်လိုင်းလောင်းကစား(ကျားဖျင့်) လိမ်လည်လုပ်ကိုင်သူ (၃၆,၀၀၀)မှ (၄၀,၀၀၀)နီးပါးကို တရုတ်နိုင်ငံသို့ စစ်ရေး၊နိုင်ငံရေး ဖိအားများအောက်တွင် မတတ်သာ၍ အပ်နှံခဲ့ရကြောင်း ထုတ်ပြန်ထားသည်။

အပ်နှံလိုက်သောသူများသည် လောက်ကိုင်မြို့အတွင်း၌ နှစ်ချီပြီး ကျားဖျင့်လုပ်ကိုင်နေကြသောသူများဖြစ်ပြီး ၁၂၀၇ စစ်ဆင်ရေးကြောင့်သာ စစ်ကောင်စီသည် မတတ်သာ၍ အပ်နှံခဲ့ရခြင်းဖြစ် သည်ဟု ဆိုသည်။

၁၀၂၇ စစ်ဆင်ရေးသာမရှိပါက အဆိုပါကျားဖျင့်လုပ်ကိုင်သူများသည် ယခုထက်ပိုမို များပြားလာဖွယ်သာရှိပြီး စစ်ကောင်စီမှ အပ်နှံလိုက်သော အဆိုပါအရေအတွက်ထဲတွင် တရုတ်နိုင်ငံမှ အလိုရှိနေသည့် ဝရမ်းထုတ်ထားသောသူအချို့၊ ကျားဖျင့် ကုမ္ပဏီပိုင်ရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများ ပါဝင်ခဲ့သည်ဟု သိရသည်။

ညီနောင်မဟာမိတ်တပ်များကလည်း ဖမ်းဆီးရမိထားသော ကျားဖျင့်လုပ်ကိုင်သူ (၃၀၀၀)ဦးခန့်ကို တရုတ်နိုင်ငံမှ တာဝန်ရှိသူများထံသို့ အပ်နှံထားပြီးဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency