မြင်းခြံခရိုင် စံပြကျေးရွာရှိ စစ်ကောင်စီတပ်သားများ တပ်စွဲထားသည့်နေရာအား တော်လှန်ရေးတပ်များဝင်တိုက်၊ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

မြင်းခြံခရိုင် စံပြကျေးရွာရှိ စစ်ကောင်စီတပ်သားများ တပ်စွဲထားသည့်နေရာအား တော်လှန်ရေးတပ်များဝင်တိုက်၊ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
ဖေဖော်ဝါရီ 3, 2024 | 2021 Military Coup| အခြားဒေသများ

မန္တလေးတိုင်း မြင်းခြံခရိုင် စံပြကျေးရွာရှိ စစ်ကောင်စီတပ်သားများ တပ်စွဲထားသည့်နေရာအား တော်လှန်ရေးတပ်များက ယနေ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၃)ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း မန္တလေး PDF(MDY PDF)ထံမှ သိရသည်။

ယနေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်သား အင်အား(၂၀)ဝန်းကျင်ဖြင့် တပ်စွဲထားသည့် စံပြကျေးရွာရှိ အဆိုပါနေရာအား PDF တပ်များက ဝင်ရောက်တိုက်ခိုက်ရာ (၄၅)မိနစ်ခန့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး PDFတပ်များက အနီးကပ် ဝင်ရောက်စီးနင်းတိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် အထိနာနေသည့် စစ်ကောင်စီတပ်သားများကို စစ်ကူပေးရန်အတွက် ကား(၈)စီးဖြင့် လာသည့် စစ်ကောင်စီတပ်ကိုလည်း PDF တပ်များက ထပ်မံကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူများပြီး စစ်ကောင်စီတပ်ထံမှ MA 1 သေနတ် (၃)လက်နှင့် ကာဘိုင်တစ်လက်ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

တိုက်ပွဲတွင် Myingyan Black Tiger တပ်ဖွဲ့မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်း၊ အမှတ်(၁)၊ အမှတ်(၈) တပ်ရင်း၊ မြင်းခြံမြို့နယ် ပကဖ၊ နွားထိုးကြီးမြို့နယ် ပကဖ၊ Myingyan Black Tiger၊ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)၊ ဗိုလ်စက္က ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)တို့ ပါဝင်ကြောင်း သိရသည်။

#TachileikNewsAgency