ပေါင်းတည်မြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် မိုင်းခွဲခံရ

ပေါင်းတည်မြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် မိုင်းခွဲခံရ

ပဲခူးတိုင်း ပေါင်းတည်မြို့နယ် ပဲခူးရိုးမခြေရင်းကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား ပြည်သူ့ကာကွယ်ရေးတပ်က ၂၀၂၃ခုနှစ် ဇွန်လ(၁၄)ရက်နေ့တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပဲခူးရိုးမတောင်ခြေရင်း ရွှေလေးကြိုးဝိုင်း ဧက(၅၀၀)အကွက်အမှတ်(၄၀)အနီးသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မှ ဆင်ထားသော မိုင်းကွင်းအတွင်းသို့ ဝင်ရောက်လာခဲ့သဖြင့် အဝေးထိန်းမိုင်း(၂)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ်ရာရပြီး ထမ်းစင်ဖြင့်ထမ်း၍ ပြန်လည်ဆုတ်ခွါသွားသည်ဟု ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ထို့နောက် စစ်ကောင်စီတပ်သည် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

တိုက်ခိုက်မှုကို ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၃၆၀၁ PPDF)၊ တပ်ရင်းတပ်ခွဲ(၂)က လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency