ပဲခူးမြို့ရှောင်လမ်းရှိ စစ်ကောင်စီထောက်ပို့တပ်ကို ပဲခူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တိုက်ခိုက် 

ပဲခူးမြို့ရှောင်လမ်းရှိ စစ်ကောင်စီထောက်ပို့တပ်ကို ပဲခူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တိုက်ခိုက် 
အောက်တိုဘာ 4, 2023 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်း၊ ပဲခူးမြို့ရှောင်လမ်းရှိ စစ်ကောင်စီတပ်ဖွဲ့ ပင်မထောက်ပံ့ပို့ဆောင်ရေးတပ်ကို ယမန်နေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၃)ရက်နေ့ ည(၈)နာရီတွင် ပဲခူးမြို့နယ်ပကဖ က(၄၀)မမဖြင့် ပစ်ခတ်ကာ မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ပဲခူးတိုင်း PDFထံမှ သိရသည်။

အဆိုပါစစ်ကောင်စီတပ်စခန်းကို နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပဲခူးမြို့နယ်ပကဖ က(၄၀)မမ ဗုံးသီးဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ဂိတ်ပေါက်ရှိ ဘန်ကာကိုလည်း မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိပြီး တိုက်ခိုက်မှုဖြစ်ပြီးနောက် ၎င်းတပ်ဘက်သို့ လူနာတင်ယာဉ်များ ဝင်သွားကြောင်း ပဲခူးတိုင်း PDF၏ ယနေ့ အောက်တိုဘာလ (၄)ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

#TachileikNewsAgency