တနင်္သာရီမြို့နယ်ရှိ အာဏာသိမ်းစစ်အုပ်စု၏ ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က  (၁)ဦးသေ၊ လက်နက်(၁)လက်ရ 

သိမ်းဆည်းရရှိခဲ့သည့် အာဏာသိမ်းစစ်အုပ်စု၏ သေနတ်
သိမ်းဆည်းရရှိခဲ့သည့် အာဏာသိမ်းစစ်အုပ်စု၏ သေနတ်
တနင်္သာရီမြို့နယ်ရှိ အာဏာသိမ်းစစ်အုပ်စု၏ ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က  (၁)ဦးသေ၊ လက်နက်(၁)လက်ရ 
ဖေဖော်ဝါရီ 17, 2023 | 2021 Military Coup| အခြားဒေသများ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်း တုံသဗျောကြီးရွာလမ်းဆုံတွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်အုပ်စု၏ ဂိတ်ကို ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ(၁၇)ရက်နေ့၏ နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုတပ်သား (၁)ဦးသေပြီး သေနတ် (၁)လက်ရရှိခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်များထံမှ သိရသည်။

အင်အား (၂၀)ဝန်းကျင်ရှိသည့် အဆိုဂိတ်ကို ဒေသကာကွယ်ရေး မဟာမိတ်တပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တစ်နာရီကျော်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က စစ်ကူလာသဖြင့် မဟာမိတ်တပ်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

တိုက်ခိုက်မှုကို ဘက်မလိုက် ပြောက်ကျားတပ်ဖွဲ့၊ SWDF တပ်ဖွဲ့ မြိတ်ခရိုင်  တပ်ရင်း( ၂ ) ၊ မြိတ် ပကဖ၊ ကျွန်းစု ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။