ကျိုက်ထိုမြို့နယ်အတွင်းရှိ ကင်မွန်းချောင်းနယ်မြေရဲစခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး မီးလောင်နေ

ကျိုက်ထိုမြို့နယ်အတွင်းရှိ ကင်မွန်းချောင်းနယ်မြေရဲစခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး မီးလောင်နေ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း ကင်မွန်းချောင်းနယ်မြေရဲစခန်း ၂၀၂၃ခုနှစ်၊ ဧပြီလ (၂၇)ရက်နေ့၏ ညနေပိုင်းတွင် တိုက်ခိုက်ခံရပြီး စခန်း မီးလောင်နေကြောင်း သိရသည်။

ကျိုက်ထိုပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ ဒရုန်းဖြင့် ပစ်ခတ်ခဲ့ရာ စခန်းအတွင်းသို့ ကျရောက်ခဲ့ပြီး စခန်းအတွင်းရှိ အဆောက်အဦးအများစု မီးလောင်နေကြောင်း Kyaikhto Information Team က ဖော်ပြထားသည်။  

ကင်မွန်းချောင်းနယ်မြေရဲစခန်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံရပြီးနောက် စခန်းအတွင်းမှ လက်နက်ကြီး (၅)လုံးထက် မနည်းအပြင် လက်နက်ငယ်များဖြင့်ပါ ပြန်လည် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ကင်မွန်းချောင်းနယ်မြေရဲစခန်းသည် ကျိုက်ထီးရိုးဘုရားတောင်ခြေတွင်ရှိပြီး တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးသူရှိ၊ မရှိ မသိရသေးပေ။