စစ်ဗျူဟာမှူး အပါအဝင် (၆၆)ဦး KNLA ထံ လက်နက်ချ အညံ့ခံ

စစ်ဗျူဟာမှူး အပါအဝင် (၆၆)ဦး KNLA ထံ လက်နက်ချ အညံ့ခံ

 ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်‌တောင်ပိုင်း ကျိုက်ဒုံစစ်‌ကောင်စီတပ်၏ ဗျူဟာကုန်းစခန်းအား KNLA ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ရာ စစ်ဗျူဟာမှူး အပါအဝင် (၆၆)ဦး လက်နက်ချ အညံ့ခံကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီဗျူဟာကုန်းစခန်းကို ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်(KNLA)တပ်မဟာ (၆)နှင့်ပူးပေါင်းတပ်များက ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၂၇)ရက်နေ့က စတင်ကာ တိုက်ခိုက်ခဲ့ရာ မတ်လ(၁၄)ရက်နေ့၏ ညနေပိုင်းတွင် စစ်ကောင် စီတပ်သားများ လက်နက်ချအညံ့ခံသဖြင့် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ 

"လက်နက်ချတဲ့အထဲမှာ ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကျော်စိုးပါတယ်။ အရာရှိတွေပါတာ အတည်ပြုပါတယ်။ အရာရှိထဲမှာ G2၊  G3 အဆင့်တွေပါတယ်။"ဟု ရှေ့တန်းရဲဘော်တစ်ဦးက Tachileik News Agency ကို ပြောသည်။

လက်နက်ချသဖြင့် စစ်ကောင်စီတပ်သားများထံမှ (၁၂၀)မမ လက်နက်ကြီး အပါအဝင် လက်နက်မျိုးစုံ(၁၀၀)ကျော်ကိုလည်း သိမ်း ဆည်းရရှိခဲ့သည်ဟု ၎င်းကဆိုသည်။

"အခုလို အကြီးအကဲတစ်ယောက်အနေနဲ့ လက်အောက်ငယ်သားတွေရဲ့ အသက်နဲ့ အနာဂတ်ကို တွေးမြင်ပြီး လက်နက်ချလိုက်တာ သိပ်ကောင်းတယ်။ အသေခံတိုက်မဲ့အစား အခုလို လုပ်လိုက်ခြင်းက သူလည်း အသက်ဆက်ရှင်သွားသလို လက်အောက်ငယ်သားတွေရဲ့ အသက်လည်း တန်ဖိုးပိုရှိလာတာပေါ့။ အခုလို လုပ်လိုက်တာက ခေါင်းဆောင်ကောင်း ပီသတဲ့ လုပ်ရပ်ပါ"ဟု စစ်တပ်နှင့်နီးစပ်သူ တစ်ဦးက ပြောသည်။

ကျိုက်ဒုံဗျူဟာကုန်း စခန်းသိမ်းတိုက်ပွဲအတွင်း ပူးပေါင်းတပ်ဘက်ကလည်း ကျဆုံးနှင့် ဒဏ်ရာရရဲဘော်တချို့ရှိခဲ့ကြောင်း သိရသည်။