ကောလင်းမြို့နယ်၊ ခံသာတိုက်နယ်တွင် စစ်ကောင်စီတပ်က သတ်ဖြတ်ထားသည့် ‌အရပ်သား(၈)ဦးအလောင်းပြန်တွေ့

ကောလင်းမြို့နယ်၊ ခံသာတိုက်နယ်တွင် စစ်ကောင်စီတပ်က သတ်ဖြတ်ထားသည့် ‌အရပ်သား(၈)ဦးအလောင်းပြန်တွေ့

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ခံသာတိုက်နယ်တွင် စစ်ကောင်စီတပ်က ‌အရပ်သား(၈)ဦးကို သတ်ဖြတ်ထားသည်ကို တွေ့ရှိခဲ့ရကြောင်း Kawlin Revolution-KR Team ထံမှသိရသည်။



စစ်ကောင်စီတပ်သည် ကောလင်းမြို့၊ ခံသာတိုက်နယ်အတွင်းကို ၂၀၂၃ခုနှစ်၊ မေလ(၂၈)ရက်နေ့က စတင်ဝင်ရောက်ခဲ့ပြီး ဇွန်လ (၃)ရက်‌နေ့အထိ ဒေသခံ(၁၇)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားရာက (၈)ဦး သတ်ဖြတ်ခံထားရခြင်းဖြစ်ကြောင်း သိရသည်။



သတ်ဖြတ်ခံရသည့် အရပ်သား(၈)ဦး၏ ရုပ်အလောင်းများကို တစ်စုတစ်စည်းတည်းပြန်တွေ့ခဲ့ရခြင်းဖြစ်ပြီး (၅)ဦးမှာ ပြန်လည်လွတ်မြောက်ခဲ့သော်လည်း (၄)ဦးမှာ ပျောက်ဆုံးနေဆဲဟု သိရသည်။



ဖမ်းဆီးခံရသူများမှာ ဟာကောလင်းမြို့၊ ချပ်ကုန်း၊ ဘန့်ဘွေး၊ အင်းယား၊ မုတ်ဝ၊ ဖက်ခါးကုန်းစသည့် ကျေးရွာများက ဖြစ်ကာ ပျောက်ဆုံးနေသူများမှာ ကိုဆန်းဦး၊ ကိုမောင်ဝင်း၊ ဦးတင်လွင်အောင်နှင့် ဖိုးဆိုးတို့ဖြစ်သည်ဟု သိရသည်။



သတ်ဖြတ်ခံရသူများတွင် ရွှေအချို့နှင့် ငွေသားအများအပြားပါဝင်သူများဖြစ်ပြီး လက်ဗလာနှင့် အရပ်သားများသာ ပြန်လွတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။



#TachileikNewsAgency

Photo : Kawlin Revolution-KR