မိုးမိတ်သွားကားလမ်းရှိ စစ်ကောင်စီတပ်ဂိတ် ပစ်ခတ်ခံရပြီး ရဲတစ်ဦးသေကာ လက်နက် တစ်လက်ရ

မိုးမိတ်သွားကားလမ်းရှိ စစ်ကောင်စီတပ်ဂိတ် ပစ်ခတ်ခံရပြီး ရဲတစ်ဦးသေကာ လက်နက် တစ်လက်ရ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရွာ မိုးမိတ်သွားကားလမ်းမဘေးရှိ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်ကို  ၂၀၂၃ခုနှစ် သြဂုတ် (၂၆)ရက် ညနေပိုင်းတွင် ဒေသကာကွယ်ရေးတပ်များက ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦး သေပြီး သေနတ်တစ်လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

၎င်းစစ်ကောင်စီတပ်ဂိတ်ကို သပိတ်ကျင်းမြို့နယ်(ပကဖ)၊ TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့တို့က  ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်မှုကြောင့် ဂိတ်စောင့် ရဲတစ်ဦးဒဏ်ရာရကာ၊ တစ်ဦးသေဆုံးပြီး G3 သေနတ်တစ်လက်အား သိမ်းဆည်းရရှိခဲ့သည်ဟု TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က ယနေ့ ဩဂုတ်လ (၂၈)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ပစ်ခတ်မှုမှာ (၅)မိနစ်ဝန်းကျင်သာကြာခဲ့ပြီး တော်လှန်ရေးရဲဘော်များ အန္တရာယ်ကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟုလည်း သိရသည်။

#TachileikNewsAgency