မလေးရှားနိုင်ငံတွင် မြေပြိုမှုအတွင်း မြန်မာ(၅)ဦးအနက် (၁)ဦးသေဆုံးပြီး (၄)ဦး ပိတ်မိနေ

မလေးရှားနိုင်ငံတွင် မြေပြိုမှုအတွင်း မြန်မာ(၅)ဦးအနက် (၁)ဦးသေဆုံးပြီး (၄)ဦး ပိတ်မိနေ
ဇန်နဝါရီ 26, 2024 | နိုင်ငံတကာသတင်း

မလေးရှားနိုင်ငံ ကင်မရွန်ကုန်းမြင့်ဒေသတွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၆) ရက်နေ့၏ နံနက်အစောပိုင်းတွင် မြေပြိုမှုအောက် ပိတ်မိနေသည့် အိမ်တစ်လုံးအတွင်း မြန်မာ (၅)ဦး ပါဝင်သွားကြောင်း သိရသည်။

မြေပြိုမှု ဖြစ်ပွားရာနေရာတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေပြီး (၁)ဦး သေဆုံးကာ  ကျန်ပိတ်မိနေဆဲ (၄) ဦးမှာ အသက်ရှင်လျက်ရှိနေဆဲဟု ယူဆထားကြသည်။

မြေပြိုမှုတွင် ပါဝင်သွားသည့် မြန်မာ (၅)ဦးမှာ အသက် (၂၅)နှစ်မှ (၅၆)နှစ်အရွယ်ကြားဖြစ်ကြကြောင်း သိရသည်။

မီးသတ်ဌာန၏ ကယ်ဆယ်ရေးအဖွဲ့ထံသို့ နံနက် (၂)နာရီ မိနစ် (၅၀)အချိန်တွင် ဖုန်းဆက်အကူအညီတောင်းလာသဖြင့် (၃) ကီလိုမီတာအကွာရှိ မြေပြိုမှုဖြစ်ပွားရာသို့ ကူညီကယ်ဆယ်ရေး သွားခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် မြေပြိုမှု ဖြစ်ပွားရာနေရာကို အန္တရာယ်ရှိ ဧရိယာအဖြစ် သတ်မှတ်ထားပြီး ဝင်ထွက်သွားလာခွင့် ပိတ်ထားကြောင်း သိရသည်။

မြေပြိုမှုဖြစ်ရာသို့ ကယ်ဆယ်ရေးအဖွဲ့၊ K 9 အဖွဲ့အပါအဝင် အထူးတပ်ဖွဲ့များပါ အားဖြည့်၍ ရှာဖွေရေးလုပ်နေကြပြီး နံနက် (၁၁) နာရီဝန်းကျင်တွင် အမျိုးသားတစ်ဦး၏ အလောင်းကို ရှာဖွေတွေ့ရှိသွားကြောင်း သိရသည်။

အဆိုပါဒေသတွင် မကြာမီကာလများက မြေပြိုမှုများ ဖြစ်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

Source: CNA