ဘီးလင်းမြို့နယ်ရှိ ဝင်းတာပန်တပ်စခန်းအတွက် ရဟတ်ယာဉ်ဖြင့် ကြဲချသည့် စစ်လက်နက်ပစ္စည်းများကို KNLA ပူးပေါင်းတပ်များ ရရှိ

ဘီးလင်းမြို့နယ်ရှိ ဝင်းတာပန်တပ်စခန်းအတွက် ရဟတ်ယာဉ်ဖြင့် ကြဲချသည့် စစ်လက်နက်ပစ္စည်းများကို KNLA ပူးပေါင်းတပ်များ ရရှိ
ဇန်နဝါရီ 25, 2024 | 2021 Military Coup| အခြားဒေသများ

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ဝင်းတာပန်တပ်စခန်းအတွက် ရဟတ်ယာဉ်ဖြင့် ကြဲချသည့် စစ်လက်နက်ပစ္စည်းများကို KNLA ပူးပေါင်းတပ်များက ယနေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၂၅)ရက်နေ့ နံနက်ပိုင်းက သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ဝင်းတာပန်စစ်ကောင်စီတပ်စခန်းအတွက် ရဟတ်ယာဉ်ဖြင့် လာပို့သည့်ပုံး(၅)ခုကို သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ပြီး (၄၀)မမကျည်၊ လက်ပစ်ဗုံးနှင့် ဆေးဝါးအပါအဝင် ပစ္စည်း(၃)ထုပ်ပါဝင်သည်ဟု KNU တပ်မဟာ(၁) သထုံခရိုင်ထံမှ သိရသည်။

အဆိုပါတပ်စခန်းကို ပူးပေါင်းတပ်များက ပိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူများကြောင်း သိရသည်။

ဝိုင်း၀န်းပိတ်ဆို့ထားသည့် အချိန်ကာလအတွင်း KNDO တပ်ရင်း(၂)ထံ စစ်ကောင်စီတပ်သားတစ်ဦး အလင်း၀င်ရောက်ခဲ့ပြီး ကောင်းမွန်စွာ စီမံဆောင်ရွက်ထားကာ ဆုကြေးငွေ ချီးမြှင့်နိုင်ရန် လုပ်ဆောင်နေသည်ဟု သိရသည်။

#TachileikNewsAgency

Photo: KNU တပ်မဟာ(၁) သထုံခရိုင်