ကော့ကရိတ်ဒေသရှိ စစ်အုပ်ချုပ်ရေးတွင်ပါဝင်နေကြသူများ တစ်ပတ်အတွင်းထွက်သွားရန် KNU နောက်ဆုံးအကြိမ် သတိပေး

ကော့ကရိတ်ဒေသရှိ စစ်အုပ်ချုပ်ရေးတွင်ပါဝင်နေကြသူများ တစ်ပတ်အတွင်းထွက်သွားရန် KNU နောက်ဆုံးအကြိမ် သတိပေး
နိုဝင်ဘာ 18, 2023 | 2021 Military Coup| အခြားဒေသများ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ ကျုံဒိုး၊ ကော့ကရိတ်၊ စုကလိ၊ ဝေါ်လေမြို့များရှိ စစ်အုပ်ချုပ်ရေးယန္တရားတွင် ပါဝင်နေကြသူများ (၇)ရက်အတွင်း ထွက်ခွာသွားရန် ကရင်အမျိုးသားအစည်းအရုံး(KNU)က ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၇)ရက်နေ့တွင် သတိပေးထုတ်ပြန်သည်။

အဆိုပါမြို့များရှိ အာဏာသိမ်းစစ်တပ်၏ စစ်အုပ်ချုပ်မှုအောက်တွင်ရှိသော ယန္တရားတွင်ပါဝင်နေကြသူများအားလုံး ထွက်ခွာသွားကြရန် အကြိမ်ကြိမ်သတိပေးပြီးဖြစ်သည်ဟု ဆိုသည်။

ထို့ကြောင့် အဆိုပါ အမိန့်ထုတ်ပြန်ချက် ထုတ်ပြန်သည့် နိုဝင်ဘာလ (၁၇)ရက်နေ့မှစ၍ (၇)ရက်အတွင်း မြို့တွင်းမှ ထွက်ခွာသွားရန် နောက်ဆုံးအကြိမ် သတိပေးကြောင်း ထုတ်ပြန်လာခြင်းဖြစ်သည်။

#TachileikNewsAgency