စစ်ကောင်စီတပ်က သံတွဲပြန်မည့် လူငယ် ( ၂၀ )ဝန်းကျင်ကို မင်္ဂလာဒုံလေဆိပ်တွင် ဖမ်းဆီးပြီး ရွှေပြည်သာစစ်ကြောရေးသို့ ပို့ဆောင်

စစ်ကောင်စီတပ်က သံတွဲပြန်မည့် လူငယ် ( ၂၀ )ဝန်းကျင်ကို မင်္ဂလာဒုံလေဆိပ်တွင် ဖမ်းဆီးပြီး ရွှေပြည်သာစစ်ကြောရေးသို့ ပို့ဆောင်

 ရခိုင်ပြည်နယ် သံတွဲမြို့သို့ လေယာဉ်ဖြင့်ပြန်မည့် လူငယ်(၂၀)ဦးဝန်းကျင်ကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ခုနှစ် မတ်လ(၈)ရက်နေ့တွင် မင်္ဂလာဒုံလေဆိပ်၌ ဖမ်းဆီးသွားပြီး ရွှေပြည်သာစစ်ကြောရေးသို့ ပို့ဆောင်လိုက်ကြောင်း နီးစပ်သူများထံမှ သိရသည်။

သံတွဲသို့ Myanmar international Airline မှ Flight No. UB-405 လေယာဉ်ဖြင့် ယနေ့နံနက်(၆)နာရီတွင်ပြန်မည့် အသက်(၂၅)နှစ်မှ (၃၀)နှစ်ကြားရှိ အမျိုးသား၊ အမျိုးသမီး(၂၀)ဝန်းကျင်အား လေဆိပ်တွင်ဖမ်းဆီးသွားခြင်း ဖြစ်သည်။

“ဖမ်းပြီးတော့ လေဆိပ်ရုံးခန်းထဲမှာ (၁)နာရီလောက်ထားတယ်။ ပြီးတော့ စစ်ကောင်စီတပ်က လေဆိပ်ကနေတဆင့် ကားနဲ့ ရွှေပြည်သာစစ်ကြောရေးကို ခေါ်သွားတာ။ အခုအဆက်အသွယ်မရဘူး။”ဟု ဖမ်းဆီးခံရသူများနှင့် နီး စပ်သူတစ်ဦးက Tachileik News Agency ကို ပြောသည်။ 

ဖမ်းဆီးခံရသူများထဲတွင် ရန်ကုန်သို့ ဆေးလာကုသူများလည်းပါဝင်ပြီး ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူပြီး သံတွဲသို့ပြန်ရန် ဆေးရုံဆေးမှတ်တမ်းနှင့် ရပ်ကွက်ထောက်ခံစာများပါရှိသော်လည်း ဖမ်းဆီးသွားခြင်းဖြစ်ကာ အသေးစိတ်အချက်အလက်ကိုမူ ထပ်မံစုံစမ်းနေဆဲဖြစ်သည်။

“ပြီးခဲ့တဲ့ တစ်ပတ်ကလည်း သံတွဲကလူငယ်တချို့ကို မင်္ဂလာဒုံလေဆိပ်မှာ ဖမ်းသွားသေးတယ်။ သိတဲ့တစ်ယောက် ကတော့ သူ့အဖေကိုဆေးကုပေးဖို့ ရန်ကုန်ပို့ပြီးအပြန်မှာ ဖမ်းသွားတာ။ အခုထိစစ်နေတုန်းပဲ။”ဟု သံတွဲမြို့မှ ဒေ သခံတစ်ဦးက ပြောသည်။

ထို့အပြင် ယနေ့နံနက်ပိုင်းတွင် ရသေ့တောင်သို့ပြန်မည့် ရခိုင်လူငယ်(၂၀)ဦးဝန်းကျင်ကို စစ်ကောင်စီတပ်က မင်္ဂလာဒုံလေဆိပ်၌ ဖမ်းဆီးသွားသည်ဟုလည်း ဖမ်းဆီးခံရသူများနှင့် နီးစပ်သူများထံမှ သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း ကျောက်ဖြူသို့ပြန်မည့် ရခိုင်လူငယ်များကို မင်္ဂလာဒုံလေဆိပ်နှင့် ကျောက်ဖြူလေ ဆိပ်တို့တွင်ဖမ်းဆီးကာ တချို့ကိုစစ်ဆေးပြီးနောက် AA နှင့်မဆက်သွယ်ရန် ခံဝန်ကတိထိုးစေပြီး ရန်ကုန်သို့ ပြန် လွှတ်ပေးခဲ့သည်။

ထို့အပြင် ရန်ကုန်မှ ရခိုင်သို့ပြန်သည့် ခရီးသည်တင်ကား(၃)စီး လူ(၁၀၀)ကျော်ကိုလည်း ရွှေပြည်သာစစ်ဆေးရေး ဂိတ်တွင်တားဆီး၍ လူငယ်များအားဖမ်းဆီးကာ စစ်ဆေးနေပြီး တချို့ကို AA နှင့်မဆက်သွယ်ရန် ခံဝန်ကတိထိုး စေပြီး ရန်ကုန်သို့ပြန်လွှတ်ပေးခဲ့သည်။