ကျောက်မဲမြို့တွင် Covdi-19 ပိုးတွေ့ရှိသူ (၄)ဦး ထပ်တိုး

ကျောက်မဲမြို့တွင် Covdi-19 ပိုးတွေ့ရှိသူ (၄)ဦး ထပ်တိုး
ဇူလိုင် 2, 2021 | Covid-19| ရှမ်းမြောက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း  ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၂) ရက်နေ့တွင် COVID 19 အတည်ပြုလူနာ (၃) ဦးနှင့် နောင်ပိန်ကျေးရွာမှ အတည်ပြုလူနာ (၁) ဦး ထပ်တိုးလာသဖြင့် ကျောက်မဲမြို့နယ်အတွင်း အတည်ပြုလူနာ စုစုပေါင်း (၆၇) ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ယနေ့ထပ်တိုးလာသည့် အတည်ပြုလူနာများတွင် နောင်ချိုမြို့၌ ဆေးကုသမှုခံယူစဉ်သေဆုံးပြီးမှ COVID 19 ပိုးတွေ့ခဲ့သူနှင့် ထိတွေ့မှုရှိသူ (၁) ဦး၊ အမှတ်( ၉ )ရပ်ကွက် တိလင်ရပ် ပိတောက်လမ်းမှ အမျိုးသား (၁)ဦး၊အမှတ် ( ၃ )ရပ်ကွက် ပဥ္စသီလမ်းမှ အမျိုးသမီး (၁) ဦး၊ နမ့်ဟူးတောင်းကျေးရွာနှင့် ဇောတိကျေးရွာအစပ်မှ အမျိုးသမီး (၁) ဦးတို့ဖြစ်ကြောင်း သိရသည်။

နောင်ပိန်ကျေးရွာတွင်  ဇူလိုင်လ (၂) ရက်နေ့တွင် အတည်ပြုလူနာထပ်တိုးလာသဖြင့်  စုစုပေါင်း အတည်ပြုလူနာ ( ၃၅ ) ဦးရှိနေပြီဖြစ်သည့်အပြင် PCR စနစ်ဖြင့် စစ်ဆေးရန် နမူနာရယူထားသူများလည်း ရှိနေကြောင်း သိရသည်။

ကျောက်မဲမြို့နယ်အတွင်း ကျောက်မဲမြို့နှင့် နောင်ပိန်ကျေးရွာတို့တွင် ဇူလိုင်လ (၂) ရက်နေ့ မွန်းလွဲပိုင်းအထိ ပိုးတွေ့သူ စုစုပေါင်း ( ၆၇ ) ဦးရှိနေပြီဖြစ်သည်။