တာလေမြို့ မိုင်းလင်းတွင် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိ

တာလေမြို့ မိုင်းလင်းတွင် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိ
ဖေဖော်ဝါရီ 17, 2020
By Tachileik News Agency

တာလေမြို့ မိုင်းလင်းတွင် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်းရှိ တာလေမြို့တွင် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

တာလေမြို့၊ မိုင်းလင်း(အရှေ့)ကျေးရွာအုပ်စု၊ လွန်းကျိုင်းကျေးရွာရှိ အိုင်ဆွန်၏ နေအိမ်အား သက်ဆိုင်ရာရဲတပ်ဖွဲ့များက သက်သေများနှင့်အတူ ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၁၅)ရက်နေ့ နံနက်ပိုင်းက ဝင်ရောက် ရှာဖွေ စစ်ဆေးရာက မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ နေအိမ်အတွင်း မူးယစ်ဆေးဝါးသတင်းရထားသည့် အသက်(၄၆)နှစ်ရှိ အိုက်ဆွန်ဆိုသူအား တွေ့ရှိရပြီး နေအိမ်အတွင်း ဆက်လက်ရှာဖွေရာ အိပ်ခန်းအတွင်းထဲက စိတ်ကြွဆေးပြား စုစုပေါင်း (၁၂၆၀)ပြားအား ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် အသက်(၄၆)နှစ်ရှိ အိုက်ဆွန်ဆိုသူအား ဖမ်းဆီးထားပြီး မိုင်းလင်းနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~