ကျောက်မဲမြို့တွင် တရုတ်နိုင်ငံမှ ပြန်လာသည့် အမျိုးသားတစ်ဦးအား စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ထား

ကျောက်မဲမြို့တွင် တရုတ်နိုင်ငံမှ ပြန်လာသည့် အမျိုးသားတစ်ဦးအား စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ထား
ဧပြီ 5, 2020
By Tachileik News Agency

ကျောက်မဲမြို့တွင် တရုတ်နိုင်ငံမှ ပြန်လာသည့် အမျိုးသားတစ်ဦးအား စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ထား

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် တရုတ်နိုင်ငံမှ ပြန်လာသည့် အမျိုးသား (၁)ဦး ချောင်းဆိုးခြင်းနှင့် အဆုတ်ရောဂါ ဖြစ်ပွားနေသဖြင့် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၅)ရက်နေ့တွင် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ပြီး ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံ၌ ကုသပေးနေကြောင်း သိရသည်။

အဆုတ်ရောဂါခံစားနေရသည့် ခိုမုန်းကျေးရွာမှ အသက် (၃၂)နှစ်အရွယ် အမျိုးသားအား (၁၄)ရက်အတွင်း ခရီးသွားရာဇဝင် စုံစမ်းရာ တရုတ်နိုင်ငံ၊ မန်စီမြို့မှပြန်လာကြောင်း သိရသဖြင့် ကျောက်မဲဆေးရုံ၏ (၈)ယောက်မြောက် COVID 19 စောင့်ကြည့်လူနာအဖြစ် သတ်မှတ်လိုက်ပြီး ဓါတ်ခွဲနမူနာပို့စစ်သွားရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်မဲပြည်သူ့ဆေးရုံတွင် ၂၀၂၀ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့မှ ဧပြီလ (၃) ရက်နေ့ အထိ Covid-19 သံသယစောင့်ကြည့်လူနာ (၇) ဦးကို ဓါတ်ခွဲနမူနာပို့စစ်ခဲ့ရာ လူနာ (၁)ဦးတွင် ပိုးတွေ့ရသဖြင့် လားရှိုးပြည်သူ့ဆေးရုံတွင် ကုသပေးနေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~