ကုန်တင်ယာဉ်၊ အိမ်စီးယာဉ်များဖြင့် ရှမ်းပြည်နယ်တွင်း ဝင်လာသူအားလုံး COVID 19 ကင်းရှင်းကြောင်း ထောက်ခံချက်ပါမှ ဝင်ခွင့်ရမည်

ကုန်တင်ယာဉ်၊ အိမ်စီးယာဉ်များဖြင့် ရှမ်းပြည်နယ်တွင်း ဝင်လာသူအားလုံး COVID 19 ကင်းရှင်းကြောင်း ထောက်ခံချက်ပါမှ ဝင်ခွင့်ရမည်
နိုဝင်ဘာ 20, 2020
By Tachileik News Agency

ကုန်တင်ယာဉ်၊ အိမ်စီးယာဉ်များဖြင့် ရှမ်းပြည်နယ်တွင်း ဝင်လာသူအားလုံး COVID 19 ကင်းရှင်းကြောင်း ထောက်ခံချက်ပါမှ ဝင်ခွင့်ရမည်

ရှမ်းပြည်နယ်အတွင်းသို့ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝင်ရောက်လာမည့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များနှင့် အိမ်စီးကားများ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၃)ရက်နေ့မှစ၍ COVID 19 ကင်းရှင်းကြောင်း ထောက်ခံချက်ပါမှသာ ပြည်နယ်တွင်း ဝင်ခွင့်ပြုတော့မည်ဖြစ်ကြောင်း နိုဝင်ဘာလ (၁၉)ရက်နေ့၌ ထုတ်ပြန်ထားသည်။
ယခင်က ရှမ်းပြည်နယ်တွင်း ဝင်ရောက်မည့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များတွင် COVID 19 ကင်းရှင်းကြောင်း ဆေးစစ်ချက် မပါဝင်ပါက ရှမ်းပြည်နယ်အဝင်တွင် စစ်ဆေးပေးနေခဲ့သော်လည်း နိုဝင်ဘာလ (၂၃) ရက်နေ့မှစ၍ စစ်ဆေးပေးတော့မည်မဟုတ်ဘဲ ပြည်နယ်တွင်း လုံးဝအဝင်မခံတော့ကြောင်း သိရသည်။
အလားတူ ပြည်နယ်တွင်းမှ ကုန်တင်ယာဉ်များအနေဖြင့်လည်း ကလောမြို့အထွက် စစ်ဆေးရေးဂိတ်နှင့် အေးသာယာမြို့ဆေးရုံတို့မှ ဆေးစစ်ပြီး ကလောမြို့နယ် နန့်ပန်တက်စစ်ဆေးရေးဂိတ် ပြည်လည်ဝင်ရောက်လာပါက ဆေးပြန်စစ်ရမည်ဟူသော တံဆိပ်ရိုက်နှိပ်ချက်မပါပါက ပြည်နယ်တွင်းသို့ ပြန်လည်ဝင်ရောက်ခွင့်ရမည်မဟုတ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်ပြင်ပမှလာသည့် အိမ်စီးကားများဖြင့် လာရောက်သူများအနေဖြင့်လည်း COVID 19 ကင်းရှင်းကြောင်းဆေးစစ်ချက်ပါမှ ပြည်နယ်တွင်း ဝင်ခွင့်ပြုမည်ဖြစ်ပြီး ပြည်နယ်တွင်းမှ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ သွားရောက်လိုသည့် အိမ်စီးကားများလည်း သတ်မှတ်မြို့နှင့် ချိတ်ဆက်ပြီး facility quarantine ဝင်ရမည်ဖြစ်ကြောင်း သိရသည်။
ကုန်တင်ယာဉ်များအား COVID 19 စစ်ဆေးပေးနေသည့် နန့်ပန်တက်စစ်ဆေးရေးဂိတ်အား ည (၁၀)နာရီတွင် ပိတ်သိမ်းမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~