နမ္မတူမြို့ရှိ ကုန်းဆာရွာကို စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲ

နမ္မတူမြို့ရှိ ကုန်းဆာရွာကို စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲ
ဇန်နဝါရီ 6, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် ကုန်းဆာကျေးရွာသစ်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ  စစ်ကောင်စီတပ်က ယမန်နေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ(၅)ရက်နေ့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ်များပျက်စီးပြီး TNLA ရဲဘော်နှင့် ရပ်သားတချို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ ညနေပိုင်းတွင် TNLA သိမ်းပိုက်ထားသည့် နမ္မတူမြို့ကို စစ်ကောင်စီတပ်မှ Jet Fighterဖြင့် (၂)ကြိမ်၊ Y12ဖြင့် တစ်ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ညပိုင်းတွင် စစ်ကောင်စီတပ်မှ Jet Fighterဖြင့်တစ်ကြိမ် ထပ်မံလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် မန်ဆာကျေးရွာဒေသခံတစ်ဦး၊ TNLA ရဲဘော်တစ်ဦး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ပြီး နေအိမ်(၅)လုံး ပျက်စီးဆုံးရှုံးခဲ့သည်ဟု သိရသည်။

နမ္မတူမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို TNLAက ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၂၅)ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီး (၄)ရက်ကြာ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် အလုံးစုံသိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency

Photo: PSLF/TNLA News