ဆိပ်ဖြူ-ဆောလမ်းပိုင်းတွင် စစ်ကောင်စီယာဉ်များ နှစ်ရက်ဆက်တိုက် ပဒေသာမိုင်းခွဲခံရ

ဆိပ်ဖြူ-ဆောလမ်းပိုင်းတွင် စစ်ကောင်စီယာဉ်များ နှစ်ရက်ဆက်တိုက် ပဒေသာမိုင်းခွဲခံရ

မကွေးတိုင်း ဆိပ်ဖြူမြို့နယ်မှ ဆောလမ်းပိုင်းသို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်များက နှစ်ရက်ကြာ တိုက်ခိုက်ခဲ့သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ဇွန်လ(၂၃)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဇွန်လ(၂၀)ရက်နေ့ နံနက်ပိုင်းတွင် အင်အား(၃၀)ဝန်းကျင်ပါသည့် စစ်ကားကြီး(၁)စီးကို သပြေရွာနှင့် ရေကျော်ရွာအကြား လမ်းပိုင်းတစ်နေရာ၌ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပခုက္ကူခရိုင် အမှတ် (၄) တပ်ရင်း - တပ်ခွဲ ၁ (Caf – Spupdf)နှင့် ဆိပ်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ဆိပ်ဖြူ ပကဖ (မြေလတ်ဇုံ ပကဖအဖွဲ့)တို့ ပူးပေါင်းကာ ပဒေသာမိုင်း (၄)လုံးတွဲဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ထိုနေ့နံနက်ပိုင်းတွင်ပင် သပြေရွာနှင့် ရေကျော်ရွာအကြားကို ထပ်မံဝင်ရောက်လာသော စစ်ကား(၁)စီးကို ပဒေသာမိုင်းများဖြင့် ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အများအပြားထိခိုက် သေဆုံးခဲ့သည်ဟု သိရသည်။

ဇွန်လ (၂၁)ရက်နေ့ နံနက်ပိုင်းတွင်လည်း သပြေရွာနှင့် ရေကျော်ရွာအကြား လမ်းမပေါ်၌ မိုင်းဆွဲတိုက်ခိုက်ခံရခြင်းကြောင့် သေဆုံး 

နေသည့် စစ်ကောင်စီတပ်သား အလောင်းများကို လာရောက်သယ်ဆောင်သည့် စစ်ကား(၁)စီးကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်များက ပဒေသာမိုင်းများဖြင့် ထပ်မံတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo : Ministry of Defence - National Unity Government of Myanmar