လားရိႈးတြင္ တန္ဖိုးျမင့္စားေသာက္ကုန္ထုတ္လုပ္မႈနည္းပညာသင္တန္း ဖြင့္လွစ္

လားရိႈးတြင္ တန္ဖိုးျမင့္စားေသာက္ကုန္ထုတ္လုပ္မႈနည္းပညာသင္တန္း ဖြင့္လွစ္
မေ 22, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕တြင္ တန္ဖိုးျမင့္ စားေသာက္ကုန္ထုတ္လုပ္မႈနည္းပညာသင္တန္းကို ေမလ (၂၂) ရက္ေန႔မွ (၃၁) ရက္ေန႔အထိ ဖြင့္လွစ္ေနေၾကာင္း သိရသည္။

“ အဓိကကေတာ့ ဆန္၊ ပဲ၊ ေျပာင္း၊ ဂ်ံဳ အေျခခံတဲ့ တန္ဖိုးျမင့္စားေသာက္ကုန္ေပါ့။ ဒါေပမဲ့ အဲဒီမွာ ဘာေတြပါလဲဆိုေတာ့ ဆန္၊ဂံ်ဳ စတာေတြနဲ႔လုပ္တဲ့ ေပါင္မုန္႔၊ ကိတ္မုန္႔လုပ္နည္းေတြ၊ သစ္သီးဝလံေတြနဲ႔ လုပ္တဲ့ယို လုပ္တဲ့နည္းေတြ သင္ၾကားေပးမွာျဖစ္ပါတယ္ ” ဟု ရွမ္းျပည္နယ္ အေသးစားစက္မႈလက္မႈလုပ္ငန္းဦးစီးဌာနမွ ဒုတိယညႊန္ၾကားေရးမွဴး ဦးသက္ႏိုင္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါသင္တန္းအား စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန၊ ရွမ္းျပည္နယ္ အေသးစား စက္မႈလက္မႈလုပ္ငန္းဦးစီးဌာန၊ ရက္ကန္းႏွင့္ အသက္ေမြးပညာသင္တန္းေက်ာင္း(ေက်ာက္မဲ) ႏွင့္ လားရိႈးၿမိဳ႕ ယုဝတီခရစ္ယာန္အသင္းတို႔ ပူးေပါင္းဖြင့္လွစ္ျခင္းျဖစ္ေၾကာင္း သိရသည္။

ေဒသထြက္ သစ္သီးဝလံမ်ားျဖင့္ ေဖ်ာ္ရည္လုပ္နည္း၊ ဝိုင္ခ်က္နည္းတို႔လည္း သင္ၾကားေပးမည္ျဖစ္ကာ ေဒသထြက္ အသီးအႏွံႏွင့္ စားေသာက္ကုန္မ်ားအား အႏၱရာယ္ကင္းသည့္ တန္ဖိုးျမင့္ စားေသာက္ကုန္မ်ားအျဖစ္ ထုတ္လုပ္ေရာင္းခ်ႏုိင္ရန္အတြက္ ရည္ရြယ္ဖြင့္လွစ္ျခင္းျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္ အေသးစားစက္မႈလက္မႈလုပ္ငန္းဦးစီးဌာနအေနျဖင့္ ေဒသထြက္ကုန္မ်ားအား တန္ဖိုးျမင့္ စားေသာက္ကုန္မ်ားထုတ္လုပ္ႏုိင္ေရး၊ ေက်းရြာတစ္ရြာ ထုတ္ကုန္တစ္မ်ိဳး ထုတ္လုပ္ႏုိင္ေရးတို႔အတြက္ အေသးစားစက္မႈလက္မႈလုပ္ငန္းသင္တန္းမ်ား ဖြင့္လွစ္ေပးေနျခင္းျဖစ္ၿပီး အေသးစားစက္မႈလက္မႈလုပ္ငန္းလိုင္စင္မ်ားကိုလည္း လုပ္ေဆာင္ေပးေနျခင္းျဖစ္သည္။

အေသးစားအိမ္တြင္းမႈလုပ္ငန္း သင္တန္းမ်ားဖြင့္လွစ္လိုျခင္းႏွင့္ လုပ္ငန္းလိုင္စင္ျပဳလုပ္လိုျခင္းမ်ားအတြက္ ေတာင္ႀကီးၿမိဳ႕ရိွ ရွမ္းျပည္နယ္အေသးစား စက္မႈလက္မႈလုပ္ငန္းဦးစီးဌာန ဖုန္းနံပါတ္ ၀၈၁-၄၀၆၈၂၉ ႏွင့္ ၀၉-၄၂၀၇၃၀၁၃၀ တို႔ကို အေၾကာင္းၾကားဆက္သြယ္ ႏိုင္ေၾကာင္း သိရွိရသည္။

သတင္း၊ဓါတ္ပံု #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
လားရှိုးတွင် တန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်
************
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် တန်ဖိုးမြင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို မေလ (၂၂) ရက်နေ့မှ (၃၁) ရက်နေ့အထိ ဖွင့်လှစ်နေကြောင်း သိရသည်။

“ အဓိကကတော့ ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံ အခြေခံတဲ့ တန်ဖိုးမြင့်စားသောက်ကုန်ပေါ့။ ဒါပေမဲ့ အဲဒီမှာ ဘာတွေပါလဲဆိုတော့ ဆန်၊ဂံျု စတာတွေနဲ့လုပ်တဲ့ ပေါင်မုန့်၊ ကိတ်မုန့်လုပ်နည်းတွေ၊ သစ်သီးဝလံတွေနဲ့ လုပ်တဲ့ယို လုပ်တဲ့နည်းတွေ သင်ကြားပေးမှာဖြစ်ပါတယ် ” ဟု ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါသင်တန်းအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရှမ်းပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(ကျောက်မဲ) နှင့် လားရှိုးမြို့ ယုဝတီခရစ်ယာန်အသင်းတို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

ဒေသထွက် သစ်သီးဝလံများဖြင့် ဖျော်ရည်လုပ်နည်း၊ ဝိုင်ချက်နည်းတို့လည်း သင်ကြားပေးမည်ဖြစ်ကာ ဒေသထွက် အသီးအနှံနှင့် စားသောက်ကုန်များအား အန္တရာယ်ကင်းသည့် တန်ဖိုးမြင့် စားသောက်ကုန်များအဖြစ် ထုတ်လုပ်ရောင်းချနိုင်ရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ဒေသထွက်ကုန်များအား တန်ဖိုးမြင့် စားသောက်ကုန်များထုတ်လုပ်နိုင်ရေး၊ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး ထုတ်လုပ်နိုင်ရေးတို့အတွက် အသေးစားစက်မှုလက်မှုလုပ်ငန်းသင်တန်းများ ဖွင့်လှစ်ပေးနေခြင်းဖြစ်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းလိုင်စင်များကိုလည်း လုပ်ဆောင်ပေးနေခြင်းဖြစ်သည်။

အသေးစားအိမ်တွင်းမှုလုပ်ငန်း သင်တန်းများဖွင့်လှစ်လိုခြင်းနှင့် လုပ်ငန်းလိုင်စင်ပြုလုပ်လိုခြင်းများအတွက် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဖုန်းနံပါတ် ၀၈၁-၄၀၆၈၂၉ နှင့် ၀၉-၄၂၀၇၃၀၁၃၀ တို့ကို အကြောင်းကြားဆက်သွယ် နိုင်ကြောင်း သိရှိရသည်။

သတင်း၊ဓါတ်ပုံ #နေဖြိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~