ကားဖြင့်တိုက်ကာ ဖမ်းဆီးခံရသည့် သတင်းထောက် ကိုကောင်းဆက်လင်း ပြန်လွတ်

ကားဖြင့်တိုက်ကာ ဖမ်းဆီးခံရသည့် သတင်းထောက် ကိုကောင်းဆက်လင်း ပြန်လွတ်
ဇန်နဝါရီ 4, 2024 | 2021 Military Coup| အခြားဒေသများ

ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းမတွင် ပြုလုပ်ခဲ့သည့်ဆန္ဒပြပွဲကို စစ်ကောင်စီတပ်က ကားဖြင့်တိုက်ကာ ဖမ်းဆီးခဲ့စဉ် ဖမ်းဆီးခံရသည့် ဓာတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်း ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

သတင်းထောက် ကိုကောင်းဆက်လင်းသည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ(၅)ရက်နေ့က ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းမရှိဆန္ဒပြပွဲကို သတင်းယူနေချိန် စစ်ကောင်စီတပ်က ကားနှင့်တိုက်ပြီး ဖမ်းဆီးခံခဲ့ရသူများထဲမှ တစ်ဦးဖြစ်ကာ အများပြည်သူအကျိုးကို ပျက်စီးစေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅(က)နှင့် စစ်ကောင်စီက ထောင်ချခဲ့ခြင်းဖြစ်သည်။

အဆိုပါသပိတ်ကို စစ်ကောင်စီတပ်က စစ်ကားဖြင့်အနောက်မှ ဝင်တိုက်၍ ဖမ်းဆီးခြင်းဖြစ်ကာ ရုပ်သံသတင်းထောက် မမှူးရတနာခက်မို့မို့ အပါ သတင်းထောက် ကိုကောင်းဆက်လင်းနှင့် အခြားအမျိုးသားတစ်ဦးတို့ကို စစ်ဆေးရုံသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

ကိုကောင်းဆက်လင်းနှင့်အတူ ဖမ်းဆီးခံရသည့် ကျန်(၂)ဦးမှာ ပြန်လည်လွတ်မြောက်လာခြင်း ရှိ၊ မရှိကိုမူ မသိရသေးပါ။

#TachileikNewsAgency