ဗိုလ်လေးအဆင့်ရှိရဲတစ်ဦး အလင်းဝင်လာသဖြင့် ငွေကျပ်သိန်း ၄၀ ဂုဏ်ပြု  

ဗိုလ်လေးအဆင့်ရှိရဲတစ်ဦး အလင်းဝင်လာသဖြင့် ငွေကျပ်သိန်း ၄၀ ဂုဏ်ပြု  

မန္တလေးတိုင်း မိတ္ထီလာမြို့တွင် တာဝန်ကျသော ဗိုလ်လေးအဆင့်ရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦး Southern YSO PDFအဖွဲ့ထံ လက်နက်အပြည်အစုံဖြင့် အလင်းဝင်လာကြောင်း သိရသည်။

ရဲတပ်ဖွဲ့ဝင် ကိုဆန်းလင်းသည် ခြောက်လုံးပြူးသေနတ်တစ်လက်၊ခြောက်လုံးပြူးကျည် အတောင့်(၃၀)၊ ဗုံးသီး(၃)လုံး၊ လက်ထိပ် တစ်ခု၊ G3 ကျည် အတောင့် (၁၂၀)တောင့်တို့နှင့်အတူ အလင်းဝင်လာခြင်းဖြစ်ကြောင်း သိရသည်။

၎င်း Southern YSO PDFအဖွဲ့ထံ ပြီးခဲ့သည့် (၃)လဝန်းကျင်ကပင် လာရောက်ခိုလှုံရန် ဆက်သွယ်ခဲ့သော်လည်း နေရာဝေးနေသည့်အတွက် လာရောက်ရန် ခက်ခဲနေခဲ့ခြင်းဖြစ်ကာ ဆိုင်ကယ်တစ်ဆင့်၊ ကားတစ်ဆင့်ဖြင့် ခက်ခက်ခဲခဲ လာရောက်အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Southern YSO PDFမှ ဂုဏ်ပြုဆုငွေ ကျပ်သိန်း(၄၀) ချီးမြှင့်ခဲ့ပြီး ၎င်းနေထိုင်လိုသောနေရာသို့ ဘေးကင်းလုံခြုံစွာ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၃၀)ရက်နေ့ကလည်း ပခုက္ကူမြို့မ ရဲစခန်းမှ ရဲတပ်သားတစ်ဦး G3 တစ်လက်နှင့်အတူ အလင်းဝင်ရောက်လာခဲ့ရာ ကျပ်သိန်း(၈၀) ဂုဏ်ပြုငွေ ချီးမြှင့်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: Southern YSO PDF