ဆောမြို့မရဲစခန်းမှတပ်သားတစ်ဦးနှင့် ကပစ(၂၅)မှ တပ်ကြပ်တစ်ဦး လက်နက်များနှင့်အတူ အလင်းဝင်လာ

ဆောမြို့မရဲစခန်းမှတပ်သားတစ်ဦးနှင့် ကပစ(၂၅)မှ တပ်ကြပ်တစ်ဦး လက်နက်များနှင့်အတူ အလင်းဝင်လာ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်မြို့မရဲစခန်းမှ စစ်ကောင်စီတပ်သားတစ်ဦးနှင့် ကပစ(၂၅)မှ စစ်ကောင်စီ တပ်ကြပ်တစ်ဦးတို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာကြောင်း အမှတ်(၁)စစ်ဒေသ၊ ဂန့်ဂေါခရိုင် အမှတ်(၃) တပ်ရင်းထံမှ သိရသည်။

မတ်လ(၁၁)ရက်နေ့တွင် ဆောမြို့နယ်မြို့မရဲစခန်းမှ စစ်ကောင်စီတပ်သားတစ်ဦးသည် အမှတ်(၁)စစ်ဒေသ၊ ဂန့်ဂေါခရိုင် အမှတ်(၃)တပ်ရင်းထံသို့ စက်ကလေးခေါ်  MA-2 တစ်လက်နှင့် ခဲယမ်းအပြည့်အစုံဖြင့် အလင်းဝင်လာခဲ့ကြောင်း သိရသည်။ 

ထို့အပြင် မတ်လ(၁၅)ရက်နေ့တွင် ကပစ(၂၅)မှ တပ်ကြပ်အဆင့်ရှိသော စစ်ကောင်စီတပ်သားတစ်ဦးသည် လက်နက်ခဲယမ်းအပြည့်အစုံဖြင့် ဂန့်ဂေါခရိုင် အမှတ်(၃)တပ်ရင်းထံ ထပ်မံအလင်းဝင်ရောက်ခဲ့သည်ဟု သိရသည်။

ယခုကဲ့သို့ စစ်ကောင်စီတပ်ကို စွန့်ခွာ၍ ပြည်သူ့ရင်ခွင်ခိုလှုံပြီး အလင်းဝင်ရောက် ပူးပေါင်းပါက ယူဆောင်ခဲ့သော လက်နက်အမျိုးအစားပေါ်မူတည်ပြီး ထိုက်ထိုက်တန်တန် ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း ဂန့်ဂေါခရိုင်အမှတ်(၃) တပ်ရင်းက သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: ဂန့်ဂေါခရိုင်အမှတ် - ၃ တပ်ရင်း People Defence Force -SAW