မင်းပြားကို စစ်ကောင်ရေတပ်က လက်နက်ကြီးနှင့်ပစ်ခတ်ရာ အရပ်သားတစ်ဦး သေဆုံးပြီး နေအိမ်များပျက်စီး

မင်းပြားကို စစ်ကောင်ရေတပ်က လက်နက်ကြီးနှင့်ပစ်ခတ်ရာ အရပ်သားတစ်ဦး သေဆုံးပြီး နေအိမ်များပျက်စီး

ရက္ခိုင့်တပ်တော် သိမ်းပိုက်ထားသည့် ရခိုင်ပြည်နယ် မင်းပြားမြို့ နယ်ကို စစ်ကောင်စီ‌ရေတပ်က ၂၀၂၄ ခုနှစ် မတ်လ(၉)ရက်နေ့ ညပိုင်းတွင် လက်နက်ကြီးနှင့် ပစ်ခတ်ရာ အရပ်သားတစ်ဦးသေဆုံးပြီး နေအိမ်(၂)လုံး ပျက်စီးသွားကြောင်း သိရသည်။

စစ်ကောင်စီရေတပ်ကပစ်ခတ်သည့် လက်နက်ကြီးကြောင့် ထိမှန်သေဆုံးသူမှာ မင်းပြားမြို့နယ်၊ ပိုက်သည်ရွာမှ မဂျီနု (၂၇)နှစ်ဖြစ်ပြီး စပါးတင်း (၇၀၀)ထည့်ထားသည့် စပါးကျီတစ်လုံးလည်း ပျက်စီးသွားသည်ဟု သိရသည်။ 

"စစ်တွေမြစ်မှာရပ်ထားတဲ့ နေဗီကနေပစ်တာ။ ပိုက်သည်ရွာထဲကို လက်နက်ကြီးနှစ်လုံးလှမ်းပစ်တာ။ လက်နက်ကြီးတစ်လုံးက ပိုက်သည်ရွာထဲက ဦးဘစိန်ရဲ့ စပါးကျီကိုကျတာ။ ဦးဘစိန်ရဲ့ သမီးမဂျီနု ပွဲချင်းပြီး ဆုံးသွားတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

ထို့အပြင် လက်နက်ကြီးအစထိမှန်ခြင်းကြောင့် နေအိမ်နှစ်လုံးထိမှန်ပျက်စီးပြီး လေယာဉ်ဖြင့် ဗုံးကြဲခြင်းကြောင့် မင်းပြားမြို့နယ် သဲတန်းရွာမှ ဦးမောင်ဝင်း၏ (Music Love - KTV) အဆောင်များလည်း ပျက်စီးသွားသည်ဟု သိရသည်။

#TachileikNewsAgency

Photo: CJ