ဖယ်ခုံရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို ကရင်နီအမျိုးသားတော်လှန်ရေးတပ်များ သိမ်းပိုက်

ဖယ်ခုံရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို ကရင်နီအမျိုးသားတော်လှန်ရေးတပ်များ သိမ်းပိုက်
ဒီဇင်ဘာ 29, 2023 | 2021 Military Coup| ကယား

ရှမ်း-ကရင်နီပြည်နယ်စပ် ဖယ်ခုံမြို့နယ်အတွင်းရှိ ရွှေပြည်အေးနှင့် လွယ်ပတာ စစ်ကောင်စီတပ်စခန်းကုန်းနှစ်ခုကို ကရင်နီအမျိုးသား တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်စခန်း(၂)ခုကို ကရင်နီအမျိုးသားကာကွယ်ရေးတပ်များက ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂၃)ရက်နေ့မှ (၂၅)ရက်နေ့အထိ (၃)ရက်ကြာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

သိမ်းပိုက်ရရှိသည့် စစ်ကောင်စီတပ်စခန်း (၂)ခုအတွင်းမှ လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ကရင်နီအမျိုးသားကာကွယ်ရေးတပ်များသည် ဖယ်ခုံမြို့အဝင်နှင့်အထွက်တို့ကို ထိန်းချုပ်ထားပြီဖြစ်ပြီး ပြည်သူများအနေဖြင့် ဖယ်ခုံမြို့အတွင်း ဝင်ထွက်သွားလာခြင်းမပြုကြသေးရန်လည်း မေတ္တာရပ်ခံထားသည်။

မိုးဗြဲ-ဖယ်ခုံဒေသအသီးသီးတွင် နေထိုင်ကြသည့် ပြည်သူလူထုများအနေနှင့် အိမ်များသို့ ပြန်လည်နေထိုင်ခြင်းမပြုသေးရန်လည်း မေတ္တာရပ်ခံထားသည်။

#TachileikNewsAgency

Photo:မိုးဗြဲ PDF