မြဝတီ‌ထွေအုပ်ရုံးကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့သည့် PDF တပ်ဖွဲ့ကို NUG က ငွေကျပ်သိန်း ၁၀၀ ချီးမြှင့်

မြဝတီ‌ထွေအုပ်ရုံးကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့သည့် PDF တပ်ဖွဲ့ကို NUG က ငွေကျပ်သိန်း ၁၀၀ ချီးမြှင့်
စက်တင်ဘာ 28, 2023 | 2021 Military Coup| အခြားဒေသများ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးအား ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သည့် တပ်ဖွဲ့ကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ငွေကျပ်သိန်း(၁၀၀) ချီးမြှင့်ကြောင်း ယနေ့၂၀၂၃ခုနှစ် စက်တင်ဘာလ (၂၈)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၃)ရက်နေ့က မြဝတီထွေအုပ်ရုံးတွင် လုံခြုံရေးအစည်းအဝေးပြုလုပ်နေစဥ် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဒရုန်းလက်ရုံးတပ် (၁၈၀၁) Federal Wingsတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် မြ၀တီခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုရဲမှူး နေလင်းစိုး အပါအဝင် (၅)ဦး ဗုံးထိမှန် သေဆုံးပြီး (၅)ဦး ပြင်းထန်ဒဏ်ရာရကာ (၆)ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ စစ်ဆင်ရေးကို အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့သည့်အတွက် NUGကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဒရုန်းလက်ရုံးတပ် (၁၈၀၁) Federal Wingsတပ်ဖွဲ့ကို ဆုငွေအဖြစ် မြန်မာကျပ်ငွေသိန်း (၁၀၀)ချီးမြှင်ခဲ့ခြင်းဖြစ်သည်။ 

ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီး နိုင်ကောင်းရွတ်၊ တောင်ပိုင်းစစ်ဒေသ၊ ဒုစစ်ဒေသမှူး (၂) ရဲဘော်စောရှားနှင့် ဒရုန်းလက်ရုံးတပ် (၁၈၀၁) Federal Wingsမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency