ကယားပြည်နယ် လွိုင်ကော်မြို့တွင် ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက် (၂)ဦးထံက COVID-19 ပိုးတွေ့

ကယားပြည်နယ် လွိုင်ကော်မြို့တွင် ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက် (၂)ဦးထံက COVID-19 ပိုးတွေ့
နိုဝင်ဘာ 26, 2020
By Tachileik News Agency
ကယားပြည်နယ် လွိုင်ကော်မြို့တွင် ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက် (၂)ဦးထံက  COVID-19 ပိုးတွေ့
ကယားပြည်နယ်၊ လွိုင်ကော်မြို့ ဝါရီကောခူ ယာယီ ကုန်တင်ယာဉ်ရပ်နားစခန်းတွင် နိုဝင်ဘာလ (၂၆)ရက်နေ့ စစ်ဆေးချက်အရ ယာဥ်မောင်း တစ်ဦးနှင့် ယာဥ်နောက်လိုက် တစ်ဦးတို့ထံက Covid-19 ပိုးတွေ့ရှိကြောင်း သိရသည်။
နိုဝင်ဘာလ(၂၆)ရက်နေ့ နံနက်ပိုင်းမှစ၍ လွိုင်ကော်မြို့၊ ဝါရီကောခူ ယာယီ ကုန်တင်ယာဉ် ရပ်နားစခန်းရှိ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၁၄၇)ဦး တို့အား (RDT)ဖြင့် စစ်ဆေးခဲ့ရာမှ (၂)ဦးတွင် ပိုးတွေ့ရှိရခြင်း ဖြစ်သည်။ 
Covid -19 ပိုး တွေ့ရှိခဲ့သည့် အမျိုးသားများ ဖြစ်ကြသည့်​ အသက်(၃၃)နှစ်အရွယ် ယာဉ်မောင်း မှာရန်ကုန်မှ ကုန်တင်၍ လည်းကောင်း၊  အသက် (၂၀) အရွယ် ယာဥ်နောက်လိုက်မှာ တောင်ငူမြို့မှ ကုန်တင်၍ နှစ်ဦးလုံးမှာ နိုဝင်ဘာလ (၂၃)ရက်နေ့တွင် ဝါရီ​ကောခူ ယာယီကုန်တင်ယာဥ် ရပ်နားစခန်းသို့ ရောက်ရှိခဲ့ပြီး  ကျန်းမာရေးစစ်ဆေးမှုခံယူခဲ့ရာ Covid-19 ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ 
ပိုးတွေ့ရှိခဲ့သည့် အတည်ပြုလူနာ (၂)မှာ ကျန်းမာရေး ကောင်းမွန်နေကြောင်း နှင့် လွိုင်ကော်မြို့ရှိ ပြည်သူ့ဆေးရုံကြီး သီးသန့်ဆောင်တွင် ထားရှိကာ စောင့်ကြပ်ကြည့်ရှု ကုသပေးလျက် ရှိကြောင်းသိရသည်။ 
အဆိုပါ Covid-19 ပိုးတွေရှိခဲ့သည့် အတည်ပြုလူနာ (၂)ဦးနှင့် ထိတွေ့ မှုရှိခဲ့သည့် ယာဉ်​မောင်းနှင့် ယာဥ်နောက်လိုက်နှင့် (၃)ဦးတို့အား လတ်တလောတွင် RDT ဖြင့် စစ်ဆေးချက်အရ ပိုးမတွေ့ရသော်လည်း  လွိုင်ကော်မြို့ န.တ.လ သင်တန်းကျောင်း Quarantine Center တွင်ထားရှိပြီး ထပ်မံစစ်ဆေးသွားမည် ဖြစ်ကြောင်း ကယားပြည်နယ်အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။ 
ကယားပြည်နယ်တွင် နိုဝင်ဘာလ (၂၆)ရက်နေ့ထိ  Covid-19 အတည်ပြုလူနာ (၂၁) ထိရှိလာပြီ​ဖြစ် ပြီး ပိုးကင်းစင်၍ ဆေးရုံဆင်းသည့်လူနာ (၁၂)ဦးရှိပြီး လွိုင်ကော်မြို့ပြည်သူ့ဆေးရုံကြီးတွင် (၉)ဦးဆေးကုသမှုခံယူလျှက်ရှိကြောင်းသိရသည်။ 
Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~