ပုဏ္ဏားကျွန်းမြို့တွင် သိမ်းပိုက်ရန် တစ်ခုတည်းသာ ကျန်ရှိတော့သည့် ခမရ ၅၅၀ တပ်ရင်းကို အလုံးစုံသိမ်းရန် လက်တကမ်းအလို‌ ရောက်ရှိနေပြီဟု AA ထုတ်ပြန်

ပုဏ္ဏားကျွန်းမြို့တွင် သိမ်းပိုက်ရန် တစ်ခုတည်းသာ ကျန်ရှိတော့သည့် ခမရ ၅၅၀ တပ်ရင်းကို အလုံးစုံသိမ်းရန် လက်တကမ်းအလို‌ ရောက်ရှိနေပြီဟု AA ထုတ်ပြန်

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့တွင် AA အနေဖြင့် သိမ်းပိုက်ရန် တစ်ခုတည်းသာ ကျန်ရှိတော့သည့်  ခမရ (၅၅၀)တပ်ရင်း တစ်ခုလုံးအား အလုံးစုံသိမ်းပိုက်ရရှိရေးအတွက် ထိုးစစ်ကို အရှိန်အဟုန်မြှင့် နေကြောင်း ရက္ခိုင့်တပ်တော်(AA)က ၂၀၂၄ခုနှစ် မတ်လ(၁)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် ခမရ(၅၅၀)တပ်ရင်း မကျရေးအတွက် လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် ခုခံကာကွယ်နေသော်လည်း ပုဏ္ဏားကျွန်းမြို့၌ တစ်ခုတည်းသာ ကျန်ရှိတော့သည့် ၎င်းတပ်အား အလုံးစုံသိမ်းပိုက်ရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၂၂)ရက်နေ့က ပုဏ္ဏားကျွန်း မြို့မရဲစခန်းကို ရက္ခိုင့်တပ်တော်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ခမရ(၅၅၀) တပ်ရင်းကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြိ့းသည် စစ်တွေမြို့နှင့် (၂၁)မိုင်ဝေးပြီး ရန်ကုန် - စစ်တွေကားလမ်းမပေါ်တွင်ရှိကာ ပုဏ္ဏားကျွန်းမြို့ရှိ ခမရ (၅၅၀)တပ်ရင်းသည် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (စစ်တွေ) လက်အောက်ခံတပ်ရင်းဖြစ်သည်။