ပေါက်မြို့နယ်တွင် ပျူစောထီးတစ်ဦး ခဲယမ်းများနှင့်အတူအလင်းဝင်

ပေါက်မြို့နယ်တွင် ပျူစောထီးတစ်ဦး ခဲယမ်းများနှင့်အတူအလင်းဝင်

မကွေးတိုင်း၊ ပေါက်မြို့နယ် ကုက္ကိုစုပျူစောထီးကျေးရွာမှ ပျူစောထီးတစ်ဦး မြိုင်ပကဖထံ ယနေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် အလင်းဝင်လာကြောင်း သိရသည်။

ပျူစောထီးဖြစ်သူ ငြိမ်းဇော်မင်းသည် (၅.၅၆)ကျည် (၆၇)တောင့် ၊ ကာဘိုင်ကျည် (၃၀)တောင့်၊ AK ကျည် တစ်တောင့်၊ G3ကျည် (၂)တောင့်၊ (၄.၈)ကျည် (၁၆)တောင့်၊ လက်ပစ်ဗုံးတစ်လုံးတို့ဖြင့် မြိုင် ပကဖထံ အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။ 

ငြိမ်းဇော်မင်းသည် စစ်ကောင်စီတပ်သားများ၏ နှိပ်စက်မှုများ၊ ပျူစောထီး ခေါင်းဆောင်များ၏ အနိုင်ကျင့်မှုများကြောင့်လည်းကောင်း၊  PDF တပ်ဖွဲ့တို့၏ စစ်ရေးအသားစီးရမှုများကို မြင်လာသောကြောင့် ကာကွယ်ရေးတပ်ဖွဲ့များနှင့်ဆက်သွယ်ပြီး ပြည်သူ့ထံ အလင်းဝင်ရောက်လာခြင်းဖြစ်သည်ဟု ဆိုသည်၊

ငြိမ်းဇော်မင်းကို ကျင့်ဝတ်များနှင့်အညီ ကောင်းမွန်စွာ စောင့်ရှောက်ထားပြီး နောက်ထပ် မည်သည့် ပျူစောထီး၊ စစ်ကောင်စီတပ်သား၊ ရဲတပ်သားများကိုမဆို ပြည်သူထံအလင်းဝင်ရောက်လာပါက နွေးထွေးစွာကြိုဆိုမည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: မြိုင်-ပကဖ