မုံရွာတွင် ပရဟိတကားအသုံးပြုသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အစစ်ဆေးမခံဘဲ ထွက်ပြေးသဖြင့် ပစ်ခတ်ခံရ၊ လက်နက်ခဲယမ်းများ PDF က သိမ်းဆည်း

မုံရွာတွင် ပရဟိတကားအသုံးပြုသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အစစ်ဆေးမခံဘဲ ထွက်ပြေးသဖြင့် ပစ်ခတ်ခံရ၊ လက်နက်ခဲယမ်းများ PDF က သိမ်းဆည်း

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အတွင်းရှိ လမ်းပိုင်းတနေရာတွင် ပရဟိတကားဖြင့်ထွက်လာသည့် စစ်ကောင်စီတပ်သားများ အစစ်ဆေးမခံဘဲ ထွက်ပြေးသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်များက ပစ်ခတ်ခဲ့ရာ စစ်ကောင်စီ တပ်သား(၅)ဦး သေပြီး လက်နက်များ သိမ်းဆည်းရရှိခဲ့ကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ထံမှ သိရသည်။

ယမန်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂၄)ရက်နေ့ နံနက်ပိုင်းက သာစည်ရဲစခန်းမှ ဒ‌ဏ်ရာရ ရဲတပ်ဖွဲ့ဝင်တစ်ဦးပါ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင်(၅)ဦးတို့ စီးနင်းလာသည့် ပရဟိတကားကို ပြည်သူ့ကာကွယ်ရေးတပ်များက စစ်ဆေးရန် ရပ်တန့်ခိုင်းရာ မောင်းနှင်ထွက်‌‌ပြေးသဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပရဟိတကားကို စစ်ကောင်စီတပ်ဖွဲ့က အဓမ္မယူဆောင်လာခြင်းဖြစ်ပြီး ယာဉ်မောင်းအရပ်သား(၂)ဦးပါ ကာကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ၎င်းတို့အား ဘေးကင်းလုံခြုံစွာကယ်ထုတ်နိုင်ခဲ့သည်ဟု သိရသည်။

ကားပေါ်လိုက်ပါလာသည့် စစ်ကောင်စီတပ်သားနှင့် ရဲ(၅)ဦးတို့မှာ ပစ်ခတ်ခံရ၍ သေဆုံးပြီး ၎င်းတို့ကိုင်ဆောင်သည့် G3(၂)လက်နှင့် MA 13 တစ်လက်တို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။ 

တိုက်ခိုက်မှုကို မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ အမှတ် (၂)တိုက်နယ် ပကဖ ဒုတိုက်နယ်မှူး ဦးစီး၍ အမှတ် (၂)တိုက်နယ် ပကဖ၊ တောကျွဲကြီး‌ ပြောက်ကျားတပ်ဖွဲ့၊ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ -ပလဖ၊ God of Monywa၊ Golden Eagle၊ ပုဏ္ဏက ပြောက်ကျားတပ်ဖွဲ့ နှင့် မဟာမိတ်တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency