ကျိုက်ထိုမှ ဘီးလင်းသို့ မောင်းနှင်လာသည့် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးထွန်းထွန်းပါ ၄ ဦး စီးလာသည့်ကားကို တော်လှန်ရေးတပ်များပစ်ခတ်

ကျိုက်ထိုမှ ဘီးလင်းသို့ မောင်းနှင်လာသည့် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးထွန်းထွန်းပါ ၄ ဦး စီးလာသည့်ကားကို တော်လှန်ရေးတပ်များပစ်ခတ်
ဇန်နဝါရီ 31, 2024 | 2021 Military Coup| အခြားဒေသများ

မွန်ပြည်နယ် ကျိုက်ထိုမှ ဘီးလင်းသို့ မောင်းနှင်လာသည့် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးထွန်းထွန်းပါ (၄)ဦး စီးလာသည့်ကားကို ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၃၀)ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဗိုလ်ကြီးထွန်းထွန်းပါ (၄)ဦး စီးလာသည့် Honda Fit ခဲရောင်ကားကို ကျိုက်ထိုတော်လှန်ရေးအင်အားစုနှင့် ကျိုက်ထို ပကဖတို့ ပူးပေါင်း၍ ကျိုက်ထို-ဘီးလင်းကြား အဝေးပြေးလမ်းမကြီးတနေရာတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိ၊ မရှိကိုမူ စုံစမ်းနေဆဲဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ် ခမရ(၂)မှ လက်နက်ကြီး(၂)လုံးဖြင့် ပစ်ခတ်ခဲ့ရာ ညောင်ဝိုင်းကျေးရွာကို ကျရောက်ပေါက်ကွဲသည်ဟု သိရသည်။

ထို့အပြင် သံတံတားဂိတ်မှ လက်နက်ကြီး(၂)လုံး ပစ်ခတ်ခဲ့ရာ သရက်ကြန်းရွာအောက်ပိုင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်တစ်လုံး ပျက်စီးခဲ့သည်ဟု သိရသည်။

#TachileikNewsAgency