တရုတ်ကြားဝင်မှုဖြင့် တိုက်ပွဲများရပ်တန့်နေသည့် ကိုးကန့်ဒေသကို စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲပြီးနောက် တိုက်ပွဲပြင်းထန်

တရုတ်ကြားဝင်မှုဖြင့် တိုက်ပွဲများရပ်တန့်နေသည့် ကိုးကန့်ဒေသကို စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲပြီးနောက် တိုက်ပွဲပြင်းထန်
ဒီဇင်ဘာ 20, 2023 | 2021 Military Coup| ရှမ်းမြောက်

တရုတ်အကူအညီဖြင့် စစ်ကောင်စီနှင့် မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့တို့ တရုတ်နိုင်ငံ ကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် တိုက်ပွဲများ ရပ်တန့်နေသည့် ကိုးကန်ဒေသကို စစ်ကောင်စီတပ်က ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၁၈)ရက်နေ့နှင့် (၁၉)ရက်နေ့တို့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲပြင်းထန်လာကြောင်း သိရသည်။

ညီနောင်မဟာမိတ်(၃)ဖွဲ့ဖြစ်သည့် MNDAA၊ TNLA၊ AA အဖွဲ့တို့မှ တာဝန်ရှိသူများနှင့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတို့ တရုတ်အကူအညီဖြင့် ဒီဇင်ဘာလ(၁၀)ရက်နေ့က တွေ့ဆုံခဲ့ပြီးနောက် ကိုးကန့်ဒေသတွင် တိုက်ပွဲများ ရပ်တန့်နေခြင်းဖြစ်သည်။

The Kokang၏ ဒီဇင်ဘာလ(၁၉)ရက်နေ့ ဖော်ပြချက်အရ ဒီဇင်ဘာလ ဒုတိယပတ်ကစတင်ကာ ကိုးကန့်ဒေသတွင် တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားမှု မရှိခဲ့သော်လည်း ဒီဇင်ဘာလ (၁၈)ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီတပ်က ကိုးကန့်ခရိုင်၊ လောက်ကိုင်မြို့နယ်၊ လောက်ရှန်းထန်ဒေသကို တိုက်လေယဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာလ (၁၉)ရက်တွင်လည်း‌ လောက်ရှန်းထန်ဒေသကို တိုက်လေယဉ်ဖြင့် ထပ်မံလာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးသူရှိ၊ မရှိကိုမူ မသိရသေးပါ။

#TachileikNewsAgency