ကျိုက်ထိုမြို့နယ် မုပ္ပလင်လမ်းဆုံရှိ ရဲစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ လက်နက်ကြီးဖြင့်ပစ်ခတ်

ကျိုက်ထိုမြို့နယ် မုပ္ပလင်လမ်းဆုံရှိ ရဲစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ လက်နက်ကြီးဖြင့်ပစ်ခတ်

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မုပ္ပလင်လမ်းဆုံရှိ ရဲစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးပူးပေါင်းဖွဲ့များက ယနေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၃)ရက်နေ့တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ရဲစစ်ဆေးရေးဂိတ်ကို ၆၀ မမ လက်လုပ်ပြောင်းဖြင့် (၈)လုံး၊ ဒရုန်းဖြင့် ၆၀ မမ တစ်လုံး၊ ၄၀ မမ ဖြင့်အလုံး(၂၀) ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးနိုင်ကြောင်း ကျိုက်ထို တော်လှန်ရေးအင်အားစုက သတင်းထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုကို KNLA၊ KRF၊ အမှတ်(၇၈၀၅)တပ်ရင်း တပ်ခွဲ(၂) သွေးသစ္စာပြောက်ကျားတပ်ဖွဲ့၊ YEF TPDF ဒရုန်း တပ်ဖွဲ့၊ တောကျီးကန်းစစ်ကြောင်း၊ ABSDF၊ ကျိုက်ထို PDF၊ မုပ္ပလင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency