ကြတ္ခိုင္ဘက္မွ သယ္လာသည့္ စိတ္ၾကြေဆးျပား (၁၈)သိန္းေက်ာ္ကို သိန္းနီၿမိဳ႕အဝင္တြင္ဖမ္းမိၿပီး သယ္ေဆာင္လာသူတစ္ဦးထြက္ေျပးေန

ကြတ္ခိုင္ဘက္မွ သယ္လာသည့္ စိတ္ၾကြေဆးျပား (၁၈)သိန္းေက်ာ္ကို သိန္းနီၿမိဳ႕အဝင္တြင္ဖမ္းမိၿပီး သယ္ေဆာင္လာသူတစ္ဦးထြက္ေျပးေန
ဇွန် 4, 2019
By 🌸
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ သိန္းနီၿမိဳ႕အဝင္ရွိ အိုရီယမ္တယ္ဟိုက္ေဝးတိုးဂိတ္တြင္ ၂၀၁၉ ခုႏွစ္၊ ဇြန္လ (၃) ရက္ေန႔ညပိုင္းက ကြတ္ခုိင္ဘက္မွသယ္လာသည့္ စိတ္ၾကြရူးသြပ္ေဆးျပား (၁၈)သိန္းေက်ာ္ကို သယ္ေဆာင္လာသူတစ္ဦးႏွင့္အတူ ဖမ္းမိၿပီး တစ္ဦးထြက္ေျပးေနေၾကာင္း သိရသည္။

သိန္းနီၿမိဳ႕နယ္ရဲတပ္ဖြဲ႔ႏွင့္ တပ္မေတာ္သားမ်ား၏ ပူးေပါင္းစစ္ေဆးမႈအတြင္း ကြတ္ခိုင္ၿမိဳ႕ဘက္မွ သိန္းနီၿမိဳ႕ဘက္သို႔ေမာင္းႏွင္လာေသာ တိုယိုတာလင္ခရူဆာ ( YGN- 3E- 9984 ) ယာဥ္အား စစ္ေဆးရန္ရပ္တန္႔ေစခဲ့ရာ ယာဥ္ေပၚပါ ရန္စန္း ဆိုသူအမ်ိဳးသားတစ္ဦးမွာ ထြက္ေျပးတိမ္းေရွာင္သြားၿပီး ယာဥ္ေမာင္းျဖစ္သူ လြင္မ်ိဳးေအာင္ႏွင့္အတူ က်န္ခဲ့သည့္ယာဥ္ကိုစစ္ေဆးရာ စိတ္ၾကြရူးသြပ္ေဆးျပား စုစုေပါင္း (၁၈၅၀၀၀၀) ျပားသယ္လာသည္ကို စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

"ယာဥ္ေမာင္းျဖစ္သူ အမ်ိဳးသားတစ္ေယာက္နဲ႔ ယာဥ္နဲ႔ ပစၥည္းေတြနဲ႔ မိတယ္။ တစ္ေယာက္က ထြက္ေျပးသြားလို႔ ဖမ္းဆီးရမိဖို႔ႀကိဳးစားေနပါတယ္။ ပစၥည္းေတြရဲ႕ ခန္႔မွန္းကာလတန္ဖိုးက က်ပ္သိန္းေပါင္း (၃၇၀၀၀) ေလာက္ရွိတယ္ " ဟု သိန္းနီၿမိဳ႕မရဲစခန္းမွ ရဲအရာရွိတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ ယာဥ္ေမာင္း လြင္မ်ိဳးေအာင္(ခ)အိုက္ပီး အား သိန္းနီၿမိဳ႕ ၿမိဳ႕မရဲစခန္းတြင္ မယ ( ပ ) ၂၇/ ၂၀၁၉၊ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစသည့္ေဆးဝါးမ်ားဆိုင္ရာ ဥပေဒပုဒ္မ ၁၉(က)၊ ၂၀( က )၊ ၂၁ တို႔ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း ၿမိဳ႕နယ္ရဲတပ္ဖြဲ႔ထံက သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု -ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန်းနီမြို့အဝင်ရှိ အိုရီယမ်တယ်ဟိုက်ဝေးတိုးဂိတ်တွင် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၃) ရက်နေ့ညပိုင်းက ကွတ်ခိုင်ဘက်မှသယ်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား (၁၈)သိန်းကျော်ကို သယ်ဆောင်လာသူတစ်ဦးနှင့်အတူ ဖမ်းမိပြီး တစ်ဦးထွက်ပြေးနေကြောင်း သိရသည်။

သိန်းနီမြို့နယ်ရဲတပ်ဖွဲ့နှင့် တပ်မတော်သားများ၏ ပူးပေါင်းစစ်ဆေးမှုအတွင်း ကွတ်ခိုင်မြို့ဘက်မှ သိန်းနီမြို့ဘက်သို့မောင်းနှင်လာသော တိုယိုတာလင်ခရူဆာ ( YGN- 3E- 9984 ) ယာဉ်အား စစ်ဆေးရန်ရပ်တန့်စေခဲ့ရာ ယာဉ်ပေါ်ပါ ရန်စန်း ဆိုသူအမျိုးသားတစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်သွားပြီး ယာဉ်မောင်းဖြစ်သူ လွင်မျိုးအောင်နှင့်အတူ ကျန်ခဲ့သည့်ယာဉ်ကိုစစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၁၈၅၀၀၀၀) ပြားသယ်လာသည်ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

"ယာဉ်မောင်းဖြစ်သူ အမျိုးသားတစ်ယောက်နဲ့ ယာဉ်နဲ့ ပစ္စည်းတွေနဲ့ မိတယ်။ တစ်ယောက်က ထွက်ပြေးသွားလို့ ဖမ်းဆီးရမိဖို့ကြိုးစားနေပါတယ်။ ပစ္စည်းတွေရဲ့ ခန့်မှန်းကာလတန်ဖိုးက ကျပ်သိန်းပေါင်း (၃၇၀၀၀) လောက်ရှိတယ် " ဟု သိန်းနီမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် ယာဉ်မောင်း လွင်မျိုးအောင်(ခ)အိုက်ပီး အား သိန်းနီမြို့ မြို့မရဲစခန်းတွင် မယ ( ပ ) ၂၇/ ၂၀၁၉၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့်ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)၊ ၂၀( က )၊ ၂၁ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း မြို့နယ်ရဲတပ်ဖွဲ့ထံက သိရသည်။

သတင်း #နဖြေိုးမြင့်
ဓာတ်ပုံ -ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net