မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် TNLAတို့ တိုက်ပွဲပြင်းထန် 

မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် TNLAတို့ တိုက်ပွဲပြင်းထန် 
အောက်တိုဘာ 21, 2023 | 2021 Military Coup| အခြားဒေသများ

မန္တလေးတိုင်း မိုးကုတ်မြို့နယ် အထက်ညောင်ကုန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်‌မြောက်ရေးတပ်မတော်(TNLA)တို့ ယမန်နေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၀)ရက်နေ့က (၃)နာရီနီးပါးကြာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

 

စစ်ကောင်စီတပ် တပ်မ(၄၄) ခြေလျင်တတပ်ရင်း (၁၀၂၊ ၁၀၄)၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခြေလျင်တပ်ရင်း (၈၈)တို့မှ TNLA ရှိရာ မိုးကုတ်မြို့နယ် အထက်ညောင်ကုန်းကျေးရွာအနီးသို့  ထိုးစစ်ဆင်လာရာက တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

 

နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီတပ်သည် အောက်ညောင်ကုန်းရွာနှင့် ဖြူရောင်ရွာမှ RPG – 7၊ (၆၀)မမအပြင် လက်နက်ကြီးများဖြင့် (၃၅)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု TNLAကဆိုသည်။

တိုက်ပွဲအတွင်း အထိနာသည့်စစ်ကောင်စီတပ်သည် တိုက်လေယာဉ်(၂)စီးဖြင့် မူဆယ်မြို့နယ် တီမားရွာအနီးနှင့် လွယ်မောက်တောင်အနီးသို့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟုလည်း သိရသည်။

 

စစ်ကောင်စီတပ်နှင့် TNLAတို့အကြား အောက်တိုဘာလအတွင်း ယနေ့ (၂၁)ရက်နေ့အထိ တိုက်ပွဲစုစုပေါင်း (၁၃)ကြိမ် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

#TachileikNewsAgency