နမ့်ဆန်ရဲစခန်းမှထွက်ပြေးသည့် ဒုရဲမှူးကြီး ထွန်းစိုးသိန်းပါ ၄၀ ဦး တိုက်ပွဲတွင်သေဆုံး

နမ့်ဆန်ရဲစခန်းမှထွက်ပြေးသည့် ဒုရဲမှူးကြီး ထွန်းစိုးသိန်းပါ ၄၀ ဦး တိုက်ပွဲတွင်သေဆုံး
ဒီဇင်ဘာ 13, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်မရဲစခန်းကို TNLAက သိမ်းပိုက်စဉ် ထွက်ပြေးသွားသော ဒုတိယရဲမှူးကြီး ထွန်းစိုးသိန်း အပါအဝင် စစ်ကောင်စီတပ်သား (၄၀)ဦးလုံး သေဆုံးကြောင်း TNLAထံမှ သိရသည်။

နမ့်ဆန်ရဲစခန်းကို TNLAက သိမ်းပိုက်စဉ် ဒုတိယရဲမှူးကြီး ထွန်းစိုးသိန်း၊ ဗိုလ်မှူးကျော်သူထွေးတို့ အပါအဝင် အင်အား(၄၀)ကျော်ပါ သည့် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များသည် ယမန်နေ့က တိုက်ပွဲအတွင်း သေဆုံးသွားပြီဖြစ်ကြောင်း သိရသည်။

TNLAက နမ့်ဆန်မြို့မရဲစခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်စဉ် ဒုရဲမှူးကြီး ထွန်းစိုးသိန်းပါ အင်အား(၂၁)ဦးသည် ခလရ(၂၅၄)မှ ဗိုလ်ကြီး ကျော်သူထွေး ဦးစီးသော စစ်ကြောင်းနှင့်  ကွန်မန်ဒိုကုန်းတွင် သွားရောက်ပူးပေါင်းခဲ့ခြင်းဖြစ်သည်။

၎င်းစစ်ကြောင်းများအား TNLAက ယမန်နေ့ ဒီဇင်ဘာလ (၁၂)ရက်နေ့တွင် တိုက်ခိုက်ရာ သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: TNLA