ဖားဆောင်းမြို့နယ်ရှိ စစ်ကောင်စီ ခလရ ၁၃၄ နှင့် ၁၃၅ တပ်ရင်းများ ဒရုန်းဖြင့် နှစ်ရက်ဆက် တိုက်ခိုက်ခံရကာ တိုက်ပွဲဖြစ်

ဖားဆောင်းမြို့နယ်ရှိ စစ်ကောင်စီ ခလရ ၁၃၄ နှင့် ၁၃၅ တပ်ရင်းများ ဒရုန်းဖြင့် နှစ်ရက်ဆက် တိုက်ခိုက်ခံရကာ တိုက်ပွဲဖြစ်
ဇွန် 21, 2023 | 2021 Military Coup| ကယား

ကရင်နီ(ကယား)ပြည်နယ် ဖားဆောင်းမြို့နယ်ရှိ စစ်ကောင်စီတပ် ခမရ(၁၃၄) နှင့် (၁၃၅)တပ်များကို တော်လှန်ရေးတပ်ဖွဲ့များက ၂၀၂၃ခုနှစ် ဇွန်လ(၂၀)ရက်နေ့ နှင့် ယနေ့ ဇွန်လ(၂၁)ရက်နေ့တို့တွင် ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ပြီး လက်ရှိတွင် ဖားဆောင်းတံတားအနီးရှိ စစ်ကောင်စီတပ်များနှင့် တိုက်ပွဲဖြစ်နေသည်ဟု ဒေသခံများကပြောဆိုသည်။



ဇွန်လ (၁၇)ရက်နေ့နှင့် (၁၈)ရက်နေ့တို့တွင်လည်း ဖားဆောင်းမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။ထို့အပြင် ဖားဆောင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ဇွန်လ (၁၇)ရက်နေ့တွင်လည်း တိုက်ပွဲဖြစ်ပြီး ဇွန်လ(၁၈)ရက်နေ့တွင် သံလွင်အရှေ့ဘက်ကမ်း၊ ကျောက်ပန်းညိုရွာအတွင်းသို့စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။



တိုက်ခိုက်မှုကို ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ် အမှတ် (၁၁၀၈)၊ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ် အမှတ်(၁၁၀၅)၊ ဘောလခဲခရိုင် ဗျူဟာစစ်ကြောင်းနှင့် Loikaw PDF အမှတ် (၁၁၀၃)အပြင် တခြားတပ်ဖွဲ့တချို့လည်း ပါဝင်သည်ဟု သိရသည်။



#TachileikNewsAgency