နမ့်ဖတ်ကာတွင် စစ်ကောင်စီ တိုက်လေယာဉ်တစ်စီး KIA ပစ်ချ 

နမ့်ဖတ်ကာတွင် စစ်ကောင်စီ တိုက်လေယာဉ်တစ်စီး KIA ပစ်ချ 
ဇန်နဝါရီ 16, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်း‌ပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာတွင် စစ်ကောင်စီတပ်၏ တိုက်လေယာဉ်တစ်စီးကို KIAက ယနေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၁၆)ရက်နေ့ နေ့လယ်ပိုင်းတွင် ပစ်ချလိုက်ကြောင်း KIA ရှေ့တန်းရောက်ရဲဘော်များက Tachileik News Agencyကိုပြောသည်။

“ပစ်ချလိုက်နိုင်တာဟုတ်ပါတယ်။ ထပ်ပြီး သိရရင်ပြောပေးပါ့မယ်။”ဟု KIA ရဲဘော်တစ်ဦးက Tachileik News Agencyကိုပြောသည်။

ယမန်နေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၁၄)ရက်နေ့ကလည်း နမ့်ဖတ်ကာရှိ စစ်ကောင်စီတပ် ခလရ(၁၂၃)တပ်စခန်းကို KIAက သိမ်းပိုက်ရရှိခဲ့သည်။

၎င်းတပ်စခန်းကို ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂၉)ရက်ကပင် KIA တပ်မဟာ(၄)၊ တပ်မဟာ(၆)နှင့်  တပ်မဟာ(၁၀)တို့က ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေယာဉ်ဖြင့် လာရောက်ဗုံးကြဲခဲ့သဖြင့် အရပ်သားများ ထိခိုက်သေဆုံးသူရှိခဲ့ကာ နေအိမ်များလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလဆန်းပိုင်းကလည်း လိုင်ဇာမြို့အနီးတွင် စစ်ကောင်စီတပ်၏ ရဟတ်ယာဉ်တစ်စီးကို KIAက ပစ်ချနိုင်ခဲ့သည်။

#TachileikNewsAgency