ကိုးကန့်၊ တအာင်းနှင့် ရခိုင်ပြည်နယ်တို့တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၄၀ကျော်သေဆုံး

ကိုးကန့်၊ တအာင်းနှင့် ရခိုင်ပြည်နယ်တို့တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၄၀ကျော်သေဆုံး
ဒီဇင်ဘာ 3, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်၊ တအာင်းဒေသနှင့် ရခိုင်ပြည်နယ်တို့တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား(၁၄၀)ကျော် သေဆုံးခဲ့ရကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့ထံမှ သိရသည်။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုးကန့်၊ အထူးဒေသ (၁)အတွင်း အရပ်သား (၅၀)ကျော်၊ တအာင်းဒေသတွင် အရပ်သား(၆၀)ကျော်နှင့် ရခိုင်ပြည်နယ်တွင် အရပ်သား(၃၀)ကျော် သေဆုံးခဲ့ရကြောင်း သိရသည်။

ထို့အပြင် ကိုးကန့်ဒေသတွင် အရပ်သ(၁၆)ဦးထက်မနည်း ဒဏ်ရာရပြီး တအာင်းဒေသတွင် အရပ်သား (၁၀၀)ကျော်နှင့် ရခိုင်ပြည်နယ်တွင် အရပ်သား (၁၀၀)ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်ပတ်သက်သည်ဟူသော စွပ်စွဲချက်များဖြင့် အင်အားသုံး ဖမ်းဆီးခြင်းကိုခံခဲ့ရသော အရပ်သား (၈၁)ဦးရှိပြီး (၂၂)ဦးသာ လွတ်မြောက်သေးသည်ဟု သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးကို ‌ပြီးခဲ့သည့် အောက်တိုဘာလ (၂၇)ရက်နေ့တွင် စတင်ခဲ့ပြီး ရခိုင်ပြည်နယ်တွင် နိုဝင်ဘာလ (၁၃)ရက်နေ့တွင် စတင်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် မဟာမိတ်တပ်များ၏ စစ်ဆင်ရေးစတင်ခဲ့သည့် ကာလအတွင်း အရပ်သားများကို ရည်ရွယ်၍ ဖျက်အားပြင်း လက်နက်ကြီးများ၊ နိုင်ငံတကာမှ တားမြစ်ထားသော Cluster Bomb များဖြင့် တိုက်ခိုက်နေသည်ဟု ဆိုသည်။

#TachileikNewsAgency