သရုပ်ဆောင် မေပန်းချီ၊ မေလသံစဉ်၊ မြတ်သူသူ၊ ရွှေရည်သိန်းတန်နှင့် သတင်းစာဆရာ ဦးကျော်မင်းဆွေတို့ ပြန်လွတ်

သရုပ်ဆောင် မေပန်းချီ၊ မေလသံစဉ်၊ မြတ်သူသူ၊ ရွှေရည်သိန်းတန်နှင့် သတင်းစာဆရာ ဦးကျော်မင်းဆွေတို့ ပြန်လွတ်
ဇူလိုင် 7, 2023 | 2021 Military Coup

အာဏာသိမ်းစစ်ကောင်စီက မတရားဖမ်းဆီးထားသည့် သရုပ်ဆောင် မေပန်းချီ၊ မေလသံစဉ်၊ မြတ်သူသူ၊ ရွှေရည်သိန်းတန်နှင့် သတင်းစာဆရာ ဦးကျော်မင်းဆွေတို့ ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ(၇) ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာကြောင်း သတင်းထွက်လာသည်။ 

၎င်းတို့ထဲမှ တချို့မှာ ပြန်လည်လွတ်မြောက်ကြောင်းကိုလည်း မိသားစုဝင်များက ‌လူမှုကွန်ယက်တွင် ရေးသားထားပြီး  စစ်တပ်ထောက်ခံသူ အသိုင်းအဝိုင်းတွင်လည်း ပြန်လွတ်မြောက်ကြောင်း ရေးသားပြောဆိုထားကြသည်။ Tachileik News Agencyအနေဖြင့် အတည်ပြုနိုင်ရန် ဆက်သွယ်နေဆဲဖြစ်ပါသည်။

၎င်းတို့သည် ပဇီကြီးကျေးရွာကို ဗုံးကြဲခဲ့ခြင်းကြောင့် အရပ်သား(၂၀၀)ဝန်းကျင်သေဆုံးခဲ့ရသဖြင့် လူမှုကွန်ယက်စာမျက်နှာ၌ သေဆုံးသွားသူများဘက်က ရပ်တည်ပေးသည်ဟုဆိုကာ ပြီးခဲ့သည့် ဧပြီလတွင် စစ်ကောင်စီတပ်က ဖမ်းဆီး၍ ၅၀၅(က)ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency