စစ်ကောင်စီ၏ အောင်ဇေယျစစ်ဆင်ရေးကို ကော်ဘရာ စစ်ကြောင်းမှ နေ့စဉ် တိုက်ခိုက်နေ

စစ်ကောင်စီ၏ အောင်ဇေယျစစ်ဆင်ရေးကို ကော်ဘရာ စစ်ကြောင်းမှ နေ့စဉ် တိုက်ခိုက်နေ

ပြည်သူများ စိတ်မပျက်စေရန် အရွေ့တစ်ခုအနေဖြင့် စစ်ကောင်စီ၏ အောင်ဇေယျစစ်ဆင်ရေးကို နေ့စဉ်ရက်ဆက် တိုက်ခိုက်နေကြောင်း Cobra Column Fundraising Teamမှ ရှေ့တန်းရှိ PDFရဲဘော်များ၏ ပုံရိပ်များနှင့်အတူ ယနေ့ ၂၀၂၄ခုနှစ် ဧပြီလ ၂၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

စစ်ကောင်စီမှ မြဝတီမြို့ကို လက်မလွှတ်ရရေးအတွက် နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ဆင်ရေးကို ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်စိုးဝင်းကိုယ်တိုင်ဦးစီးကာ ဆောင်ရွက်လျှက်ရှိနေပြီး Cobraမှ ရဲဘော်များမှ အောင်ဇေယျစစ်ဆင်ရေးကို ရှေ့တန်းတွင် ဖြိုခွဲလျှက်ရှိကြောင်း Cobra Column Fundraising Teamမှ ထုတ်ပြန်သည်။

“အမဲရောင်နယ်မြေလို့ ကမ္ဘာက သတ်မှတ်ထားတဲ့နေရာမှာ ကျွန်တော်တို့ အလုပ်လုပ်နေရတာပါ။ ဒီနယ်မြေကို လက်မလွှတ်ရရေး စကစနဲ့ အပေါင်းအပါများက အစွမ်းကုန် နည်းမျိုးစုံသုံးကြိုးစားနေကြတုန်းပါ။ ကျနော်တို့လည်း အစွမ်းကုန်ရုန်းနေရတုန်းပါဗျ”ဟု Cobra Column - တပ်ခွဲ(၅)၏ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ဖော်ပြထားသည်။

စစ်ကောင်စီဘက်မှ မြဝတီမြို့လက်မလွှတ်ရရေးအတွက် ကော့ကရိတ်ဘက်မှ စစ်ကူအမြောက်အများ ပို့ဆောင်ရန်ကြိုးစားနေပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်မှ သင်္ဃန်းညီနောင်သို့ပင် အရောက်မခံပဲ ဒေါနတောင်တန်းပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ချေမှုန်းတိုက်ခိုက်နေခြင်းဖြစ်သည်။

#TachileikNewsAgency

Photo: Cobra Column Fundraising Team