ဒီးမော့ဆို PDF ၏ တပ်ဖွဲ့ဝင် (၂)ဦး ကျဆုံး

Photo:  DMO-Local PDF
Photo:  DMO-Local PDF
ဒီးမော့ဆို PDF ၏ တပ်ဖွဲ့ဝင် (၂)ဦး ကျဆုံး
အောက်တိုဘာ 23, 2022 | 2021 Military Coup| ကယား

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း  ဒီးမော့ဆို PDF ၏ တပ်စုမှူးတစ်ဦး နှင့် တပ်စိတ်မှူးတစ်ဦးတို့ ကျဆုံးခဲ့ရကြောင်း ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( DMO-Local PDF )က ယနေ့ အောက်တိုဘာ (၂၃)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တပ်စုမှူး ဦးဂျိုးဇက်သည် ရှေ့တန်းတစ်နေရာ၌ စစ်ကောင်စီတပ်ဖွဲ့က ထောင်ထားသည့် မိုင်းနင်းမိပြီး ကျဆုံးခဲ့ရကာ တပ်စိတ်မှူး ဦးတင်မြင့်သည်လည်း ပူးဖားတိုက်ပွဲအတွင်းရရှိခဲ့သည့် စိတ်ဝေဒနာကြောင့် ကျဆုံးခဲ့ရကြောင်း ထုတ်ပြန်ထားသည်။

အသက်(၄၁)နှစ်ရှိ တပ်စုမှူး ဦးဂျိုးဇက်သည် ၂၀၂၂ခုနှစ် အောက်တိုဘာလ(၂၀)ရက်နေ့က ရှေ့တန်းတစ်နေရာတွင်  နယ်မြေရှင်းလင်းရေးပြုလုပ်နေစဉ်   စစ်ကောင်စီတပ်ဘက်က ထောင်ထားခဲ့သည့် မိုင်းကိုနင်းမိပြီး ကျဆုံးခဲ့ရကြောင်း သိရသည်။ 

တပ်စိတ်မှူး ဦးတင်မြင့်သည်လည်း ၂၀၂၂ ခုနစ် ဧပြီလက ဖြစ်ပွားခဲ့သည့် ပူးဖားတိုက်ပွဲတွင် ၎င်း၏ တပ်ခွဲမှူး ရှေ့တန်း၌ ကျဆုံးသွားခဲ့သဖြင့် တပ်ခွဲမှူး၏ အလောင်းကို ရှေ့တန်းမှထမ်းထုတ်လာချိန် ရှေ့သို့လက်နက် ကြီးထပ်ကျခဲ့ပြီး‌နောက် စိတ်ဝေဒနာကို (၈)လကျော် ခံစားခဲ့ရပြီးနောက် အောက်တိုဘာလ(၂၁)ရက်နေ့တွင် ကျဆုံးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။ 

ကျဆုံးသူနှစ်ဦးလုံးတွင် ဇနီးနှင့် သားသမီးများကျန်ရစ်ခဲ့ကြကြောင်း သိရသည်။