လေယာဉ်ဗုံးကြဲခြင်းကြောင့် နမ့်ခမ်းမြို့တွင် စာသင်ကျောင်း၊ ဘုန်းကြီး‌ကျောင်းနှင့် နေအိမ်များပျက်စီးပြီး အရပ်သားတစ်ဦးသေ ၅ ဦးဒဏ်ရာရ

လေယာဉ်ဗုံးကြဲခြင်းကြောင့် နမ့်ခမ်းမြို့တွင် စာသင်ကျောင်း၊ ဘုန်းကြီး‌ကျောင်းနှင့် နေအိမ်များပျက်စီးပြီး အရပ်သားတစ်ဦးသေ ၅ ဦးဒဏ်ရာရ
ဒီဇင်ဘာ 2, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့တွင်းရှိ နောင်စန့်ရပ်ကွက်နှင့် ကောင်းနောင်မိုရပ်ကွက်ကို  စစ်ကောင်စီက လေယာဉ်ဗုံးကြဲခြင်းကြောင့် ဘုန်းကြီးကျောင်း၊ ဆေးရုံနှင့် စာသင်ကျောင်းများ ပျက်စီးခဲ့ပြီး အရပ်သား ထိခိုက်သေဆုံးသူရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁)ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်က ဆင့်ပွားဗုံးကြဲချခဲ့ခြင်းဖြစ်ပြီး နောင်စန့်ရပ်ကွက်အတွင်းရှိ ပုဂ္ဂလိကပိုင် ချယ်ရီမြေဆေးရုံ၊ ပညာရာမဘုန်းကြီးကျောင်း၊ ပစ်တိုင်းထောင် ဘော်ဒါဆောင်နှင့် အ.မ.က(၁) စာသင်ကျောင်းတို့ ပျက်စီးခဲ့သည့်အပြင် နေအိမ်များလည်း ပျက်စီးသွားကြောင်း သိရသည်။

"အရပ်သား(၅)ဦးဒဏ်ရာရတယ်၊ (၃)ဦးက ဒဏ်ရာပြင်းထန်တယ်။ တစ်ဦးပွဲချင်းပြီးဆုံးသွားတယ်။ အပျက်အစီးလည်းများတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

အဆိုပါဗုံးကြဲခံရခြင်းကြောင့် ‌ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် (၁၂)လုံးပျက်စီးခဲ့ရပြီး နေအိမ်အလုံး (၃၀)မှာ ကျည်စထိမှန်ခဲ့ကြောင်း သိရသည်။

ထို့အပြင် နောင်စန့်ဘောလုံးကွင်းတွင်လည်း မပေါက်ကွဲသေးသည့် လက်နက်ကြီးတစ်လုံး ကျရောက်ခဲ့ကြီး ဗုံးကြဲခံရခြင်းကြောင့် ထိ ခိုက်ဒဏ်ရာရသူများကို မူဆယ်ဆေးရုံကို ပို့ဆောင်ထားရသည်ဟု သိရသည်။

#TachileikNewsAgency