သီပေါမြို့ရှိ စည်ပင်သာယာရေးကော်မတီ၏ ပျံကျဈေးတွင် ဈေးကောက်ပိုမိုကောက်ခံနေ၍ စည်ပင်က ခေါ်ယူသတိပေးထား

သီပေါမြို့ရှိ စည်ပင်သာယာရေးကော်မတီ၏ ပျံကျဈေးတွင် ဈေးကောက်ပိုမိုကောက်ခံနေ၍ စည်ပင်က ခေါ်ယူသတိပေးထား
အောက်တိုဘာ 29, 2019
By 🌸
သီပေါမြို့ရှိ စည်ပင်သာယာရေးကော်မတီ၏ ပျံကျဈေးတွင် ဈေးကောက်ပိုမိုကောက်ခံနေ၍ စည်ပင်က ခေါ်ယူသတိပေးထား
***********

ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့ရှိ စည်ပင်သာယာရေးကော်မတီ၏ ပျံကျဈေးတွင် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလအတွင်း အချို့ဈေးသည်များကို ဈေးကောက်ပိုမို ကောက်ခံနေ၍ ဈေးကောက်လေလံဆွဲသူကို စည်ပင်သာယာရေးဌာနက ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၉)ရက်နေ့တွင် ခေါ်ယူသတိပေးထားကြောင်း သိရသည်။

“ဒီနေ့တော့ ဈေးကောက် ကောက်တဲ့သူကို စည်ပင်က ခေါ်တွေ့ထားတယ်။ ဘယ်လိုပြောင်းလာမလဲတော့ မသိဘူး။အရင်ကတော့ (၂၀၀) ပဲကောက်တယ်။ အဲဒီတုန်းက လေလံဆွဲတဲ့သူတော့မဟုတ်ဘူး သူ့တပည့်က ကောက်တယ်။ နောက်ကျတော့ သူကိုယ်တိုင်စကောက်တယ်။ သူကိုယ်တိုင်လည်းကောက်ရော (၃၀၀) ဖြစ်သွားတယ်။ (၃၀၀)နဲ့ ခြောက်လလောက် ကောက်ပြီးတော့ အခု (၁၀)လပိုင်းကစပြီး (၅၀၀)ကောက်တယ်။ အဲဒါနဲ့ ကျွန်တော်က အားလုံးအတူတူကောက်တယ် ထင်တာ။ မဟုတ်ဘူးဖြစ်နေတယ်။ ဆိုင်ခန်းအကျယ်ကြီး ခင်းထားတဲ့သူကို (၃၀၀)ကောက်ပေမဲ့ နည်းနည်းပဲခင်းတဲ့သူကိုကျ (၅၀၀)ကောက်တာတွေ လုပ်နေတာ။ ဒါနဲ့ ကျွန်တော်တို့တွေ စုပြီး စည်ပင်ရုံးသွားတိုင်ကြမယ်ဆိုတော့လည်း ရုံးကို မသွားရဲကြဘူး။ ကြောက်ကြတယ်။ ငါတို့ စကားပြောတတ်ဘူးဆိုပြီး မလိုက်ကြဘူး။ ဒါနဲ့ ကျွန်တော်တို့နည်းနည်းပဲ စည်ပင်ရုံးသွားတော့လည်း အရေးမစိုက်ကြဘူးဗျ။ ကျွန်တော်တို့ သွားတိုင်ပြီးတော့ စည်ပင်ရုံးက ဝန်ထမ်းတစ်ယောက်၊ နှစ်ယောက်တော့ ဈေးကောက်ဘယ်လောက်ပေးရလဲ လာမေးသွားတာတော့ တွေ့တယ်”ဟု သီပေါမြို့နယ် စည်ပင်သာယာရေးကော်မတီ၏ ပျံကျဈေးမှ ဈေးသည်အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ နံနက်ခင်းအစောပိုင်းရောင်းသည့် ပျံကျဈေးတွင် နေ့စဉ် ဈေးသည် (၁၀၀)ကျော်ဝန်းကျင်ရှိနေပြီး ယခင်က ဈေးကောက်ကို ကျပ် (၂၀၀)ကောက်နေရာမှ ကျပ် (၃၀၀)သို့ ခြောက်လခန့်တိုးမြှင့် ကောက်ခံကာ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် အချို့ဆိုင်ခန်းများအား ကျပ် (၅၀၀)သို့ တိုး၍ကောက်ခံလာခြင်း ဖြစ်သည်ဟု သိရသည်။

“သူက ဈေးကောက်ကောက်တာ ကောက်ချင်သလို ကောက်နေတယ်။ ရွာကနေ မနက်ဆိုင်ကယ်နဲ့ ဈေးလာပို့တဲ့သူက ဈေးပို့ပြီး ဘေးနားကပ်ထိုင်နေတာ အဲဒါ သူတို့ကို တစ်ယောက် (၅၀၀)ဆီ ကောက်သွားသတဲ့။ သူအသီးအရွက်လေးလာရောင်းတာမှ ဘယ်လောက်ရမလဲ သူက (၁၀၀၀) ယူသွားတယ်လေ။ စည်ပင်ကလည်း လူကြီးကမရှိဘူး။ ခရီးထွက်တယ် ဘာညာနဲ့ပြောနေတယ်။ ငါတို့ဖြေရှင်းပေးမယ်ပြောတယ်။ နောက်ပြီးတော့ ဈေးကောက်တာ သူ့လက်မှတ်ပါအောင်ယူခဲ့တဲ့။ ကျမတို့က လိမ်မလားနော်။ ကျမတို့က လက်မှတ်တောင်းတော့ ဈေးကောက်တဲ့သူက ငါ့လက်မှတ်က နင်တို့နဲ့ မတန်ဘူးတဲ့။ ဈေးကနှစ်ဈေးလုံး ငါကိုင်တာ။ အခုလေလံဆွဲတာကလည်း ငါပဲဆွဲလို့ရတာတဲ့။ နှစ်ဈေးလုံးမှာ ငါပဲ ဈေးကောက် ကောက်လို့ရတာလို့ ပြောတယ်”ဟု ပျံကျဈေးမှ ဈေးသည်အမျိုးသမီးတစ်ဦးက ပြောသည်။

သီပေါမြို့၏ နံနက်ခင်းဈေးတစ်ခုဖြစ်သည့် ဝက်ဝံဈေးမှ ပျံကျဈေးသည် နံနက် (၂)နာရီဝန်းကျင်မှစ၍ နံက် (၇)နာရီဝန်းကျင်အထိ ရောင်းချသည့် ဈေးတစ်ခုဖြစ်ပြီး ဒေသထွက် စားသောက်ကုန်များ၊ အသီးအနှံများ ရောင်းချသည့်ဈေးဖြစ်သည်။

Tachileik News Agency

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
သီေပါၿမိဳ႕ရိွ စည္ပင္သာယာေရးေကာ္မတီ၏ ပ်ံက်ေစ်းတြင္ ေစ်းေကာက္ပိုမိုေကာက္ခံေန၍ စည္ပင္က ေခၚယူသတိေပးထား
***********

ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) သီေပါၿမိဳ႕ရိွ စည္ပင္သာယာေရးေကာ္မတီ၏ ပ်ံက်ေစ်းတြင္ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလအတြင္း အခ်ိဳ႕ေစ်းသည္မ်ားကို ေစ်းေကာက္ပိုမို ေကာက္ခံေန၍ ေစ်းေကာက္ေလလံဆြဲသူကို စည္ပင္သာယာေရးဌာနက ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၂၉)ရက္ေန႔တြင္ ေခၚယူသတိေပးထားေၾကာင္း သိရသည္။

“ဒီေန႔ေတာ့ ေစ်းေကာက္ ေကာက္တဲ့သူကို စည္ပင္က ေခၚေတြ႔ထားတယ္။ ဘယ္လိုေျပာင္းလာမလဲေတာ့ မသိဘူး။အရင္ကေတာ့ (၂၀၀) ပဲေကာက္တယ္။ အဲဒီတုန္းက ေလလံဆြဲတဲ့သူေတာ့မဟုတ္ဘူး သူ႔တပည့္က ေကာက္တယ္။ ေနာက္က်ေတာ့ သူကိုယ္တုိင္စေကာက္တယ္။ သူကိုယ္တုိင္လည္းေကာက္ေရာ (၃၀၀) ျဖစ္သြားတယ္။ (၃၀၀)နဲ႔ ေျခာက္လေလာက္ ေကာက္ၿပီးေတာ့ အခု (၁၀)လပိုင္းကစၿပီး (၅၀၀)ေကာက္တယ္။ အဲဒါနဲ႔ ကၽြန္ေတာ္က အားလံုးအတူတူေကာက္တယ္ ထင္တာ။ မဟုတ္ဘူးျဖစ္ေနတယ္။ ဆိုင္ခန္းအက်ယ္ႀကီး ခင္းထားတဲ့သူကို (၃၀၀)ေကာက္ေပမဲ့ နည္းနည္းပဲခင္းတဲ့သူကိုက် (၅၀၀)ေကာက္တာေတြ လုပ္ေနတာ။ ဒါနဲ႔ ကၽြန္ေတာ္တုိ႔ေတြ စုၿပီး စည္ပင္ရံုးသြားတုိင္ၾကမယ္ဆိုေတာ့လည္း ရံုးကို မသြားရဲၾကဘူး။ ေၾကာက္ၾကတယ္။ ငါတုိ႔ စကားေျပာတတ္ဘူးဆိုၿပီး မလုိက္ၾကဘူး။ ဒါနဲ႔ ကၽြန္ေတာ္တုိ႔နည္းနည္းပဲ စည္ပင္ရံုးသြားေတာ့လည္း အေရးမစိုက္ၾကဘူးဗ်။ ကၽြန္ေတာ္တုိ႔ သြားတုိင္ၿပီးေတာ့ စည္ပင္ရံုးက ဝန္ထမ္းတစ္ေယာက္၊ ႏွစ္ေယာက္ေတာ့ ေစ်းေကာက္ဘယ္ေလာက္ေပးရလဲ လာေမးသြားတာေတာ့ ေတြ႔တယ္”ဟု သီေပါၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီ၏ ပ်ံက်ေစ်းမွ ေစ်းသည္အမ်ိဳးသားတစ္ဦးက ေျပာသည္။

အဆိုပါ နံနက္ခင္းအေစာပိုင္းေရာင္းသည့္ ပ်ံက်ေစ်းတြင္ ေန႔စဥ္ ေစ်းသည္ (၁၀၀)ေက်ာ္ဝန္းက်င္ရိွေနၿပီး ယခင္က ေစ်းေကာက္ကို က်ပ္ (၂၀၀)ေကာက္ေနရာမွ က်ပ္ (၃၀၀)သို႔ ေျခာက္လခန္႔တိုးျမႇင့္ ေကာက္ခံကာ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလတြင္ အခ်ိဳ႕ဆိုင္ခန္းမ်ားအား က်ပ္ (၅၀၀)သို႔ တုိး၍ေကာက္ခံလာျခင္း ျဖစ္သည္ဟု သိရသည္။

“သူက ေစ်းေကာက္ေကာက္တာ ေကာက္ခ်င္သလို ေကာက္ေနတယ္။ ရြာကေန မနက္ဆုိင္ကယ္နဲ႔ ေစ်းလာပို႔တဲ့သူက ေစ်းပို႔ၿပီး ေဘးနားကပ္ထုိင္ေနတာ အဲဒါ သူတုိ႔ကို တစ္ေယာက္ (၅၀၀)ဆီ ေကာက္သြားသတဲ့။ သူအသီးအရြက္ေလးလာေရာင္းတာမွ ဘယ္ေလာက္ရမလဲ သူက (၁၀၀၀) ယူသြားတယ္ေလ။ စည္ပင္ကလည္း လူႀကီးကမရိွဘူး။ ခရီးထြက္တယ္ ဘာညာနဲ႔ေျပာေနတယ္။ ငါတုိ႔ေျဖရွင္းေပးမယ္ေျပာတယ္။ ေနာက္ၿပီးေတာ့ ေစ်းေကာက္တာ သူ႔လက္မွတ္ပါေအာင္ယူခဲ့တဲ့။ က်မတုိ႔က လိမ္မလားေနာ္။ က်မတုိ႔က လက္မွတ္ေတာင္းေတာ့ ေစ်းေကာက္တဲ့သူက ငါ့လက္မွတ္က နင္တုိ႔နဲ႔ မတန္ဘူးတဲ့။ ေစ်းကႏွစ္ေစ်းလံုး ငါကိုင္တာ။ အခုေလလံဆြဲတာကလည္း ငါပဲဆြဲလုိ႔ရတာတဲ့။ ႏွစ္ေစ်းလံုးမွာ ငါပဲ ေစ်းေကာက္ ေကာက္လုိ႔ရတာလုိ႔ ေျပာတယ္”ဟု ပ်ံက်ေစ်းမွ ေစ်းသည္အမ်ိဳးသမီးတစ္ဦးက ေျပာသည္။

သီေပါၿမိဳ႕၏ နံနက္ခင္းေစ်းတစ္ခုျဖစ္သည့္ ဝက္ဝံေစ်းမွ ပ်ံက်ေစ်းသည္ နံနက္ (၂)နာရီဝန္းက်င္မွစ၍ နံက္ (၇)နာရီဝန္းက်င္အထိ ေရာင္းခ်သည့္ ေစ်းတစ္ခုျဖစ္ၿပီး ေဒသထြက္ စားေသာက္ကုန္မ်ား၊ အသီးအႏွံမ်ား ေရာင္းခ်သည့္ေစ်းျဖစ္သည္။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net